စစ်အုပ်စုမီးရှို့တဲ့ ပုလဲက ၇ ရွာကို မြို့နယ် ပအဖက စားနပ်ရိက္ခာထောက်ပံ့

စစ်အုပ်စုမီးရှို့တဲ့ ပုလဲက ၇ ရွာကို မြို့နယ် ပအဖက စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တဲ့ ကျေးရွာ ၇ ရွာက ဒေသခံတွေအတွက် စားနပ်ရိက္ခာကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၅ ရက်မှာ သွားရောက် ထောက်ပံ့ခဲ့ပါတယ်။ 

ကမ်းလက်မေတ္တာအဖွဲ့ လှူဒါန်းတဲ့ ကျပ်သိန်း ၃၅၀ ကျော်ကို ပအဖအဖွဲ့တွေက စီမံခန့်ခွဲပြီး အိမ်ထောင်စု ၁၂၆ စုကို ထောက်ပံ့ပေးခဲ့တာလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုထက်ဇော်က ပြောပါတယ်။

“ဖေဖော်ဝါရီလ ၄ ရက်နေ့က သရက်ကန်၊ ညောင်ရင်းကုန်း၊ သရက်လှ၊ တောင်ရွာသစ်နဲ့ ဖေဖော်ဝါရီလ ၅ ရက်က သပြေအေး၊ ကြောင်ဝန်ဒူး၊ ကိုးပင်ရွာတွေကို ကျနော်တို့အဖွဲ့တွေ ကူညီခဲ့တာ၊ ကမ်းလက်မေတ္တာအဖွဲ့က သိန်း ၃၅၀ ကျော် ရန်ပုံငွေထဲက ကူညီထောက်ပံ့ပေးခဲ့တာ၊ အိမ်ထောင်စု ၁၆၂ စု စာအတွက် ၁ စု ကို ပစ္စည်း ၁၆ မျိုး ထောက်ပံ့ပေးခဲ့ပြီး ငွေကျပ်တန်းဖိုးအရ ၂ သိန်းကျော်ဖိုး ထောက်ပံ့ပေးခဲ့တာ” လို့ ပြောပါတယ်။

အိမ်ထောင်စု ၁ စုကို ဆန် ၁ အိတ်၊ ဆီ ၅ ပိဿာ ၁ ပုံး၊ ဆား ၂ ပိဿာ၊ ပဲဆံ ၁ ပြည်၊ ရေချိုင့် ၁ လုံး၊ ပုဆိုး ၁ ထည်၊ ထမိန် ၁ ထည်၊ ဖိနပ် ၁ ရံ၊ ဓါတ်ဘူး ၁ လုံး၊ ဓါတ်မီး ၁ လက်၊ မိုးကာ ၁ စ၊ ရေခွက် ၁ လုံး၊ ဒန်အိုး ၁ လုံး၊ ဒယ်အိုး ၁ လုံး၊ ဇွန်းကြီး ၁ ချောင်းနဲ့ ဓါးမ ၁ ချောင်းတို့ကို လှူဒါန်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10