စစ်အုပ်စု ရိက္ခာကား ၄ စီးနဲ့ အင်အား ၅၀ ပါ ခြေလျင်စစ်ကြောင်း ပေပါမိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း အင်အား ၅၀ ဝန်းကျင်နဲ့ ရိက္ခာကား ၄ စီးကို ကုက္ကိုလ်စုပျူရွာ ဘုရားကုန်းတောင်ဘက် မီတာ ၃၀၀ ကျော်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့က ပေပါမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတယ်သူ‌များတယ်လို့ သိရပါတယ်။

အဆိုပါ ရိက္ခာကား ၄ စီးနဲ့ အင်အား ၅၀ ပါ ခြေလျင်စစ်ကြောင်းကို ဧပြီ ၆ ရက် မနက် ၆ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ပေပါမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ဘုရားကုန်းတောင်ဘက် မီတာ ၃၀၀ ကျော်အကွာမှာ ပေပါမိုင်းအကြီး ၂ လုံးမိသွားတယ်။ ၅ ဦးသေတယ်။ ခြေထောက် လက်တွေ ပြတ်ပြီး ဆုတ်တဲ့ကောင်တွေကိုတော့ ကားနဲ့တင်ပြီး ရေပြာရွာဘက်ကိုပြန်ထွက်သွားတယ်။ သေတဲ့ ၅ ဦးကတော့ မိုင်းခွဲတဲ့နေရာမှာပဲ မီးရှို့သွားတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ရိက္ခာတင်ကား ၄ စီးနဲ့ အင်အား ၅၀ ပါတဲ့ စစ်သားတွေဟာ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈၊ ခလရ ၂၅၁၊ ခလရ ၂၅၃ ကဖြစ်ကြပြီး ပစ်ခတ်ခံရပြီးနောက် ရေပြာကျေးရွာကို ပြန်သွားတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ မြိုင်ပကဖ တပ်ရင်း ၁၊ ပေါက် ပကဖ၊ BLY ပြောက်ကျားတပ်ဖွဲ့ (ပေါက်) ၊ FRF အထူးတပ်ဖွဲ့  ၂၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၂၊ NPRF (ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ 

#ပေါက်မြို့ #ရေပြာကျေးရွာ #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10