သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရသူတွေနဲ့ တိုက်ပွဲတွင်း ကျဆုံးရဲဘော်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ - NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့တဲ့ငွေကို ပုလဲမြို့နယ် လူသားစာနာအဖွဲ့ကတဆင့် သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၇ ရက် ဒီမနက်ပိုင်းမှာ သွားရောက်လှူဒါန်းခဲ့တာလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ် လူသားစာနာအဖွဲ့ရဲ့တာဝန်ခံလည်းဖြစ်သူ ကိုဇော်ထွန်းက ပြောပါတယ်။
“NUG က ထောက်ပံ့ဖို့ပေးတာကြောင့် သွားထောက်ပံ့ပေးတာ။ ကျဆုံး ၁ ဦးကို ၁ သိန်းနှုန်းထောက်ပံပေးပြီး ဒဏ်ရာရသူ ၁ ဦး ကို ၅ သောင်းနှုန်းထောက်ပံ့ပေးခဲ့တယ်” လို့ ပြောပါတယ်။