စစ်အုပ်စုအစစ်ဆေးတင်းကြပ်နေတဲ့ မုံရွာ - ချောင်းဦးလမ်းပိုင်းကို PDF က ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

စစ်အုပ်စုအစစ်ဆေးတင်းကြပ်နေတဲ့ မုံရွာ - ချောင်းဦးလမ်းပိုင်းကို PDF က ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာရှိတဲ့ ချောင်းဦး - မုံရွာကားလမ်းပိုင်းကို ဧပြီလ ၁၉ ရက်ဒီနေ့လည် ၂ နာရီကျော်လောက်ကနေ ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်တယ်လို့ Chaung U People's Defence Force - CHUPDF ဆီက သိရပါတယ်။

ပျူစောထီးနဲ့စစ်သားတွေဟာ အဆိုပါကားလမ်းဘေးရှိ ခင်မွန်ကျေးရွာနဲ့ ဘက်စုံခြံရှေ့မှာ ပူးပေါင်းတပ်စွဲကာ အစစ်အဆေးတင်းကြပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ ကိစ္စမဟုတ်ပဲ မသွားကြဖို့ ခုလိုကြေညာလိုက်တာလို့ CHUPDF ရဲ့ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။


"အစစ်ဆေးကြမ်းလို့‌ ပိတ်တာပါခင်ဗျာ။ ပြီးတော့ စစ်ကြောင်းရော ရှိနေလို့ပါ။ ရက်အကန့်သတ်တော့ မရှိပါဘူး။ ပျူတွေဆိုတော့ ဘာမှနားလည်မှာ မဟုတ်ဘူးဗျ။ သူသတ်ချင်ရင် သတ်မှာပဲ။ ပြည်သူတွေ ပျူတွေ‌နဲ့ထိပ်တိုက်တွေ့မှာ စိုးလို့ပါဗျ။ အရင်ကလည်း ဒီလိုပိတ်တာ ရှိတယ်။ ပြည်သူတွေအနေနဲ့တော့ လိုက်နာကြ ပါတယ်။ လမ်းပိတ်ရင် ရောက်တဲ့နေရာ ရပ်နေကြတယ်။ ကျနော်တို့ကလည်း တိကျမှ အမှန်တကယ်လိုအပ်မှပိတ်တာ"လို့ ဆိုပါတယ်။

အခုလိုပိတ်ထားချိန်အတွင်း လမ်းပိုင်းကိုပြည်သူတွေရဲ့ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြဖို့နဲ့ လိုက်နာမှုမရှိသူတွေရဲ့လုံခြုံရေးအတွက် အာမမခံမှာမဟုတ်သလို ကားလမ်းကိုလည်း နောက်ထပ်ကြေညာချက်ထုတ်ပြန်မှ အသုံးပြုပေးကြဖို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်သားနဲ့ပျူစောထီး ၁၀၀ ဝန်းကျင်က လမ်းသွားပြည်သူတွေကို မှတ်ပုံတင်၊ ကိုယ်ရေးအချက်အလက်တွေ စစ်ဆေးကာ ရိုင်းစိုင်းတဲ့စကားအသုံးအနှုန်းတွေ ပြောဆိုတာတွေအပြင် ရိုက်နှပ်တာတွေလည်း လုပ်နေတာလို့ သိရပါတယ်။

အဲ့ဒီဂိတ်ဟာ ၂၀၂၂ ခုနှစ်ကတည်းက ရှိနေပြီး၊ စစ်ဆေးရေးတင်းကြပ်တဲ့ အချိန်နဲ့ စစ်ကောင်စီစစ်ကြောင်းရှိနေတဲ့အချိန်တွေမှ ချောင်းဦး - မုံရွာကားလမ်းပိုင်းကို ပိတ်လေ့ရှိတာလို့လည်း CHUPDF ရဲ့ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူဆီက သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10