စစ်အုပ်စု စစ်ကြောင်းထိုးလို့ ဒေသခံ ၅ ထောင်ကျော် တိမ်းရှောင်နေရ

စစ်အုပ်စု စစ်ကြောင်းထိုးလို့ ဒေသခံ ၅ ထောင်ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၅ ထောင်ကျော် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အောက်တိုဘာ ၁၄ ရက်ဒီမနက် ၂ နာရီခွဲလောက်မှာ စစ်ကိုင်းမြို့၊ အုန်းတောရွာအနီးရှိ အမှတ် ၆၀၀၅ တင့်ကားတပ်မှ အင်အား ၆၀ လောက်ပါတဲ့ စစ်အုပ်စုက ဆားတောင်မြို့မြောက်ဘက် ၂ မိုင်အကွာရှိ သိမ်ချောင်းရွာဘက်ကို စတင်စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။  

သိမ်ချောင်းရွာ၊ သာဇင်၊ မင်္ဂလာရေစဥ် စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၇ ရွာလောက်ကို စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ 

အဲ့ဒီနောက် ညနေ ၃ နာရီကျော်လောက်မှာ အဆိုပါစစ်အုပ်စုနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ သိမ်းချောင်းရွာအနီးမှာ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ စစ်ကိုင်း-ဝက်လက်မြို့နယ်အစပ်မှာ ရှိနေပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

စစ်ကိုင်း-ဝက်လက်မြို့နယ်ကားလမ်းအနီးမှာ တိုက်ပွဲတွေဖြစ်နေသလို ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်မှာလည်း စစ်တပ်စစ်ကြောင်းထိုးနေလို့ ဒီနေ့မနက်ပိုင်းကစပြီး စစ်ကိုင်း-ရွှေဘိုကားလမ်းကို အသုံးမပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ဆားတောင် #စစ်ကောင်စီ #စစ်ကြောင်းထိုး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10