စစ်အုပ်စု တပ်စွဲထားတဲ့ရွာကို လက်နက်ကြီးနဲ့ အချက်ရေ ၁၃၀ ကျော်ပစ်လို့ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ပျူ‌စောထီးတွေကို မီတာ ၈၀၀ အကွာကနေ လက်နက်ကြီးနဲ့ အချက် ၁၃၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် စစ်သား ၂ ဦးနဲ့ ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၊ တပ်ခွဲ ၁ အဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၅ ရက်မနက် ၇ နာရီကနေ ၁၀ နာရီအထိ ၃ နာရီကြာ ကာကွယ်ရေးတပ်ဖွဲ့ ၁၁ ဖွဲ့ပေါင်းပြီး ရွာပတ်ပတ်လည်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဝက်ပုတ်ကျေးရွာမှာက တပ်မ ၁၀၁ လက်အောက်ခံ စစ်သား ၂၈ ဦးသာရှိပြီး ပျူအင်အားနဲ့ဆိုရင် ၇၀ ဦးလောက်ရှိတယ်၊ ကျနော်တို့ပစ်ခတ်ခဲ့တာမှာ သေဆုံးတာတော့မရှိဘူး၊ ဒဏ်ရာရတာက ၅ ယောက်ရှိတယ်၊ ပျူ ၃ ကောင်၊ ** ၂ ကောင် ဒဏ်ရာရတယ်" လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ တပ်ခွဲ ၁ ဗိုလ်လက်ယာက ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၁ တပ်ခွဲ(၁)၊ MUGDFတပ်ဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီသွေးတပ်ဖွဲ့၊ ဘာမထီတပ်ဖွဲ့၊ သံမဏိလိပ်ပြာတပ်ဖွဲ့၊ မိုးမိတ်ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၁ ဖွဲ့လောက်က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #စစ်ကောင်စီ #ပျူစောထီး #တိုက်ခိုက်ခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10