စဉ့်ကူးက စစ်ရှောင် ၁၅၀ ကျော်ကို ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ကူညီထောက်ပံ့မှုပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွာတော်ရွာမှာ အထိုင်ချပြီး စစ်ဘေးရှောင်ပြည်သူတွေကို ဇူလိုင် ၂၈ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၈ ရက်က လူဦးရေ ၁၅၀ ကျော်ကို ဆေးဝါးကုသမှုပေးခဲ့ပြီး လူ ၈၀ ကို ဆန်နဲ့ ဆီပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

ဆေးဝါးကုသမှုပေးရာမှာ အသက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေအတွက်လည်း ကုစားမှုတွေပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ထောက်ပို့ကူညီမှုအတွက် စုစုပေါင်း ကုန်ကျစရိတ် ကျပ် ၃၅ သိန်းခန့် အသုံးပြုခဲ့တာဖြစ်ပြီး ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ နဲ့ LANTERNS GRACE အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာထောက်ပံ့ပေးခဲ့တာဟာ ရွာတော်ရွာအပြင် ကြက်တူရွေးရွာ၊ ဟင်္သာမ ရွာတို့က စစ်ဘေးရှောင်တွေလည်းပါပြီး စစ်ဘေးရှောင်ပြည်သူ ၁ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူး #ရွာတော်ရွာ #စစ်ဘေးရှောင် #ကျန်းမာရေးစောင့်ရှောက်မှု #စားနပ်ရိက္ခာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10