သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က NLD ပါတီဝင်တဦးအပါအဝင် အမျိုးသား ၃ ဦးဟာ စစ်ကောင် စီတပ်တွေရဲ့ ဖမ်းဆီးမှုခံရပြီးနောက် စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံနေရတယ်လို့ စဥ့်ကူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်အောက်ခံ မြေပြင်ကင်းထောက်အဖွဲ့က ပြောပါတယ်။
အဖမ်းခံရသူ ၃ ဦးမှာ ရေတော်ကျေးရွာသား NLD ပါတီရဲ့ မြို့နယ်အလုပ်မှုဆောင်ဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ထုံးကြီးကျေးရွာသား ဇော်နိုင်ဝင်း၊ အောင်ဇော်ဝင်း တို့ဖြစ်ကြပြီး လက်ပန်လှရွာ စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံနေရတာလို့ ဆိုပါတယ်။
"စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးကတည်းက မိသားစုတွေနဲ့ တွေ့ခွင့်မပေးဘူး။ ရိုက်နှက်စစ်ဆေးတာတွေကြောင့် ခန္ဓာကိုယ်တွေ၊ မျက်နှာတွေ၊လက်တွေမှာ ဒဏ်ရာတွေရရှိနေကြပေမယ့် ဆေးကုသမှုလုံးဝမပေးဘူး လို့ ဖရဲသီး (အတွင်းသတင်းပေး)ဆီကသိရတယ်"လို့ စဉ့်ကူးပကဖလက်အောက်ခံ မြေပြင်ကင်းထောက်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဦးစိုးသိန်းမှာ မြို့ပေါ်ကနေ ရေတော်ကျေးရွာကိုပြန်လာချိန် ငွေတောင်မောင်း တံတားဂိတ်မှာ အဖမ်းခံလိုက်ရတာဖြစ်ပြီး ဇော်နိုင်ဝင်းနဲ့ အောင်ဇော်ဝင်း တို့ကတော့ ထုံးကြီးကျေးရွာက နေအိမ်ကနေပဲ ဇူလိုင်လ ၄ ရက်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
ထုံးကြီးကျေးရွာသား ၂ ဦးမှာ တော်လှန်ရေးအင်အားစုတွေကို သတင်းပေးလုပ်နေတယ်လို့ စွပ်စွဲပြီး ထုံးကြီးရဲစခန်းထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်တာလို့ ဒေသခံတွေက ပြောဆိုပါတယ်။
ထုံးကြီးကျေးရွာရဲစခန်းမှာ ပျုစောထီးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်က အခုနှစ် ဇွန်လကစလို့ ဇူလိုင်လ ၂၄ ရက်ဒီကနေ့အချိန်ထိ တပ်စွဲနေကြတာဖြစ်ပြီး ရွာထဲက မသင်္ကာသူတွေကို ဖမ်းဆီးတာတွေလုပ်ကာ ငွေတောင်းခံတာတွေလည်း ပြုလုပ်ကြတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #စဥ့်ကူး #စစ်ကောင်စီ #ဖမ်းဆီးနှိပ်စက် #NLDအလုပ်အမှုဆောင်
Share Share Share