စဉ့်ကူးနယ်က တပ်စခန်း ၅ ခု ထပ်မံသိမ်းပိုက်နိုင်ပြီး ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၅ ဦီး အရှင်မိထား

စဉ့်ကူးနယ်က တပ်စခန်း ၅ ခု ထပ်မံသိမ်းပိုက်နိုင်ပြီး ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၅ ဦီး အရှင်မိထား

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်မှူး ဒုဗိုလ်မှူးကြီး ၁ ဦးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ဇူလိုင် ၈ ရက် ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနဲ့ ပင်လယ်ကြီးတပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း သပိတ်ကျင်းမြို့နယ်အခြေစိုက်တပ်တခုရဲ့ ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် ၁၅ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ချအလင်းဝင်တဲ့ စစ်တပ်ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့တွေလည်းရှိတယ်လို့  ဆိုပါတယ်။

ဒါ့အပြင် စဉ့်ကူးစစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ချပေးခဲ့တဲ့ လက်နက်၊ ခဲယမ်းအထုပ်တွေအပါအဝင် အခြားလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဇွန် ၂၅ ရက်က ပြန်လည်စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မန္တလေးမြို့အနီး မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေအတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး စဉ့်ကူးမြို့နယ်မှာ ယခင်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်း ၆ ခု အပါအဝင် တပ်စခန်း ၁၁ ခုအထိ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

#မြေလတ်အသံ

#စဉ့်ကူး #၁၀၂၇စစ်ဆင်ရေး #ဒုတိယပိုင်း #တိုက်ပွဲသတင်း #တပ်စခန်း #သိမ်းပိုက်ရရှိ #MDYPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10