စဉ့်ကူးနယ်ပျူစောထီးတွေက ဒေသခံပိုင် နွားတွေနဲ့ပစ္စည်း တန်ဖိုးသိန်း ၂၀၀ ကျော်ဖိုး လုယူ

စဉ့်ကူးနယ်ပျူစောထီးတွေက ဒေသခံပိုင် နွားတွေနဲ့ပစ္စည်း တန်ဖိုးသိန်း ၂၀၀ ကျော်ဖိုး လုယူ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာက ပျူစောထီးနဲ့စစ်တပ်ပေါင်းပြီး စဉ့်အိုးကျွန်းပေါ် တောင်သူတွေရဲ့ နွားတွေနဲ့ပစ္စည်းတွေကို လာရောက်လုယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနေ့ကမနက် အစောပိုင်းမှာ ရွာသာယာကျေးရွာက ပျူစောထီး ၃၀ ကျော်ဟာ ဟင်္သာမကျေးရွာအုပ်စု၊ စဉ့်အိုးကျွန်းပေါ်မှာနေထိုင်တဲ့ တောင်သူတွေရဲ့နေအိမ်ကခိုင်းတဲ့နွား ၁၆ ကောင်၊ လှည်း၊ ဆန်၊ မြေပဲဆံ၊ စောင်၊ ဆိုလာပြား၊ အနွေးထည်၊ဟင်းချက်ပစ္စည်းတွေကို လာရောက်ယူဆောင်သွားတာမို့ ကာလပေါက်စျေးသိန်း ၂၀၀ ကျော်လောက်အထိပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မိန်းမတွေရော လာကြတာ။ အကုန်ကို အကုန်ယူတာပါပဲ။ ချက်ဖို့လုပ်နေရင်း ပြေးရတော့ ချထားခဲ့တဲ့ငါးကအစ ယူသွားတာ။ ကလေးကျောပိုးအိတ်လေးထဲ အရုပ်ကလေးတွေထည့်ထားတာ။ အဲ့ဒါတောင်မကျန်ဘူး" လို့ဒေသခံတဦးက ပြောပါတယ်။

ပစ္စည်းတွေယူဆောင်သွားခံရတဲ့ နေအိမ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ပျူစောထီးတွေကပဲ နေအိမ်တွေမီးရှို့ပြီးပစ္စည်း ယူတာခံခဲ့ရသေးတယ်လို့ ဆက်ပြောပါတယ်။

"အိမ်မီးလောင်သွားတော့ မျိုးပဲတွေလည်းကုန်ရောဗျာ။ နွားလေးနှစ်ကောင်ပဲကျန်တာ။ အခုအဲဒီနွားတွေကိုဆွဲသွားတယ်" လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

ရွာသာယာကျေးရွာဟာ စဥ့်ကူးမြို့နယ်အတွင်းက ပျူစောထီးတွေနေထိုင်တဲ့ကျေးရွာဖြစ်ပြီး ညစဥ်အနီးနားကျေးရွာကနေအိမ်တွေကို ဒရုန်းနဲ့ဗုံးချတာတွေလည်း လိုက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကျေးရွာဟာ မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်း ဆက်စပ်နယ်မြေမှာရှိပြီးတော့ စစ်ကိုင်းတိုင်းက ဒေသခံကာကွယ်ရေးတပ်တွေက ပြန်လည်တိုက်ခိုက်ဖို့ကြိုးစားပေမယ့် မန္တလေးတိုင်းဘက်က NUG ခွင့်ပြုချက်မရလို့ မတိုက်ခိုင်းတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အဲ့ဒီ ပျူစောထီးတွေဟာ အောက်တိုဘာလကလည်း မန္တလေးမြို့ဘက်ကစစ်တပ်နဲ့ပေါင်းပြီး ဟင်္သာမကျေးရွာကို ဝင်ရောက်မီးရှို့ကာ ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မြေလတ်သတင်း #မန္တလေးတိုင်း #စဉ့်ကူးမြို့နယ် #ပျူစောထီး #စစ်ကောင်စီ #ပြည်သူပိုင် #ဒေသခံ #စည်းစိမ်ဥစ္စာ #လုယက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10