စဉ့်ကူးနယ် မန္တလေး-မိုးကုတ်လမ်းမှာ ကားအစီးရေရာနဲ့ချီပြီး ဆယ်ရက်ကျော်ကြာပိတ်မိနေ

စဉ့်ကူးနယ် မန္တလေး-မိုးကုတ်လမ်းမှာ ကားအစီးရေရာနဲ့ချီပြီး ဆယ်ရက်ကျော်ကြာပိတ်မိနေ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက မန္တလေး-မိုးကုတ်ကားလမ်းပိုင်းမှာ ကားအစီးရေရာနဲ့ချီပြီး ဆယ်ရက်ကျော်ကြာပိတ်မိနေကာ လမ်းပြန်ဖွင့်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလကုန်ပိုင်းကစတင်ကာ စဥ့်ကူးနယ်၊ ရွှေပြည်ရွာရှိ တော်လှန်ရေးတပ်ဖွဲ့တွေ အထိုင်ချထားတဲ့စစ်ဆေးရေးဂိတ်က ယာဉ်တွေကိုဖြတ်သန်းခွင့်ပိတ်ထားတာဖြစ်ပြီး ရက်သတ္တပတ်တခုကျော်အကြာ အောက်တိုဘာ ၆ ရက်မှာ ပိတ်မိနေတဲ့ကားသမားတွေက လမ်းပိတ်ဆို့ထားမှုအပေါ် ကားဟွန်းတီးပြီး ဆန္ဒပြတာတွေဖြစ်ခဲ့သေးတယ်လို့ ပိတ်မိနေတဲ့ကားသမား ၁ ဦးက မြေလတ်အသံကို ပြောပါတယ်။

" ဆယ်ရက်ကျော်နေပြီ။ လမ်းကပြန်ဖွင့်မပေးတော့ စားစရာလည်းအဆင်မပြေ၊ ကုန်တွေကလည်း ပုပ်သိုးကုန်တယ်။ ဘယ်လိုမှအဆင်မပြေဘူး"လို့ ၎င်းကပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ သပိတ်ကျင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အဆိုပါတိုက်ပွဲတွေအတွင်း  အရပ်သားတွေထိခိုက်မှုမရှိစေရေး လမ်းပိုင်းကို ယာယီပိတ်ထားရတာလို့ ဆိုပါတယ်။ 

" အမိန့်အရ ပိတ်ထားရတာ။ ဒီဘက်ကဖွင့်ပေးလိုက်လည်း တိုက်ပွဲ(ဖြစ်တဲ့)နားမှာ ပြန်ပိတ်မှာပဲ။ လမ်းမှာလည်း ပြည်သူတွေထိခိုက်မှာစိုးလို့ ပိတ်ထားရတာ။"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

တိုက်ပွဲတွေဟာ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း ၇ မိုင်အနီးမှာ ဖြစ်ပွားနေတာလို့သိရပြီး တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။

ပုံစာ - စဉ့်ကူးနယ် မန္တလေး-မိုးကုတ်လမ်းပိုင်းတနေရာအား တွေ့ရစဉ်။ (ပုံဟောင်း)

သတင်း - Kp၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #စဥ့်ကူး #တိုက်ပွဲ #လမ်းပိတ် #ဆန္ဒပြ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10