စဉ့်ကူးမြို့နယ်မှာ တိုက်ပွဲဖြစ်နေ၊ ရွာ ၈ ရွာမီးရှို့ခံရထားရပြီး စစ်အုပ်စုဘက်က ၁၇ ဦးကျော်သေဆုံး( ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကျေးရွာ ၈ ရွာကို စစ်အုပ်စုက မေ ၂၄ ရက်က စတင်မီးရှို့ကာ  အနီးတဝိုက်က ရွာတွေကို  စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် အရပ်သားထောင်ချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

ဒီစစ်ကြောင်းဟာ အင်အား ၁၅၀ ဝန်းကျင်ရှိပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့‌တွေက ခုခံတိုက်ခိုက်နေကြတယ်လို့လည်း  ဝက်လက်အခြေစိုက် Bo Tiger - People Defense Force အဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။


ဒီနေ့ နေ့လယ်ပိုင်းအထိ သဲအင်းရွာကို မီးထပ်ရှို့ကာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ခုခံတိုက်ခိုက်နေရာ စစ်ကောင်စီဘက်က ၁၇ ယောက်ခန့် သေတယ်လို့လည်း ဆိုပါတယ်။ 


၂၅ ရက်နေ့  ညနေ ၅ နာရီကျော်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ကြက်တူရွေး၊ သဲအင်း၊ ကျွန်းကြီး၊ ပေါက်ကုန်းကျေးရွာတွေဘက်ကို လာရောက်ဗုံးကြဲခဲ့တာကြောင့် သဲအင်းကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတို့ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။


ယခုအချိန်အထိ မီးလောင်သွားတဲ့ရွာတွေဖြစ်တဲ့ ဝက်ပေါင်၊ တမာကုန်း၊ ပေါက်ကုန်း၊ ကြက်တူရွေး၊ မြစ်ကန်းကြီး၊ သဲအင်း၊ ကျွန်းတော် နဲ့ ကျွန်းကြီးရွာစတဲ့ရွာတွေက ဒေသခံပြည်သူ ၈ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။


တည်းဖြတ် - ဇို

#မြေလတ်အသံ
#မန္တလေးတိုင်း #စဉ့်ကူး #မီးရှို့ #သဲအင်း #လေယာဥ် #ဗုံးကြဲ #တိုက်ပွ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10