စဉ့်ကူးမှာ စခန်းမှူးနဲ့ စစ်ဗိုလ်က ဖဲဝိုင်းလုပ်တဲ့ဒလန်ကိုဖမ်းပြီး ကျပ်သိန်း ၁၀၀ တောင်းကာ ပြန်လွှတ်

စဉ့်ကူးမှာ စခန်းမှူးနဲ့ စစ်ဗိုလ်က ဖဲဝိုင်းလုပ်တဲ့ဒလန်ကိုဖမ်းပြီး ကျပ်သိန်း ၁၀၀ တောင်းကာ ပြန်လွှတ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာ ရဲစခန်းမှ စခန်းမှူးနဲ့ စစ်ဗိုလ်တဦးက ကျေးရွာထဲမှာ ဖဲဝိုင်းထောင် တဲ့  ကြံ့ခိုင်ရေးပါတီဝင် စစ်ကောင်စီသတင်းပေးကို ဖမ်းဆီးပြီး ကျပ်သိန်း ၁၀၀ တောင်းကာ ပြန်လွှတ်ပေးခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၈ ရက်မှာ ကြံ့ခိုင်ရေးပါတီဝင် စစ်ကောင်စီသတင်းပေး မောင်မောင်ထူးဦးဆောင်ပြီး ဖဲကစားနေတာကို စခန်းမှူးသောင်ထိုက်ဦးက ဖမ်းဆီးကာ သိန်း ၆၀ တောင်းတာကို စဉ့်ကူးမြို့နယ်ရဲမှူးက သိရှိသွားကြောင့် သိန်း၂၀ နဲ့ ပြေလည်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"ထုံးကြီးစခန်း မှူးသောင်းထိုက်ဦးက တပြားမှ မရလိုက်တော့ ဒေါသတွေဖြစ်ပြီး စခန်းထဲပတ်ဆဲတာ။ သူတို့တွေ အချင်းချင်းဖြစ်နေတာ" လို့ ထုံးကြီးကျေးရွာက အမျိုးသားတဦးက ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်လို့ ရဲစခန်းထဲဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေထဲက စစ်ကြောင်းမှူး ဗိုလ်မှူးသော်ဇင်ဖြိုးက မောင်မောင်ထူးကို ဇူလိုင် ၁၆ရက်မှာ ပြန်လည်ဖမ်းဆီးပြီးတော့ သိန်း ၁၀၀ တောင်းကာ ပြန်လွတ်ပေးလိုက်တယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ထုံးကြီးရွာခံသား မောင်မောင်ထူးမှာ ရဲစခန်းက စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်သားတွေနဲ့ပေါင်းပြီး ဧရာဝတီမြစ်ထဲသွားလာနေကြတဲ့ သစ်ဖောင်၊ ဝါးဖောင်သမားတွေဆီကနေ ပိုက်ဆံကောက်ကာ လုပ်စားနေ သူတဦးလည်း ဖြစ်တယ်လို့ သူကဆိုပါတယ်။

ထုံးကြီးရဲစခန်းထဲမှာ စစ်ကောင်စီတပ်သား ၅၀ ကျော် ဝင်ရောက်တပ်စွဲနေတာ ၁နှစ်ကျော်ရှိနေပြီး မသင်္ကာသူ ကျေးရွာသားတွေမှန်သမျှကို ဖမ်းဆီးကာ ပိုက်ဆံတောင်းပြီးပြန်လွတ်တာတွေလုပ်ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့နယ် #ထုံးကြီးကျေးရွာ #စခန်းမှူး #စစ်ကောင်စီ #ဖဲဝိုင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10