စဉ့်ကူးတိုက်ပွဲမှာ စစ်သားနဲ့ပျူစောထီး ၄ ဦးသေပြီး ၂ ဦးဒဏ်ရာရ

စဉ့်ကူးတိုက်ပွဲမှာ စစ်သားနဲ့ပျူစောထီး ၄ ဦးသေပြီး ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သာယာဝတီကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန် ၁၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်စွဲထားတဲ့ ထုံးကြီးကျေးရွာရဲစခန်းကို သံခွန်သင်္ဘောနဲ့လာရောက်အင်အားဖြည့်လာတဲ့ ရွာသာယာရွာပျူစောထီးတွေက ထုံးကြီးရွာအနောက်ဘက်မြစ်ကမ်းဘေးကနေ သာယာဝတီရွာနဲ့ထီးကုန်းရွာတွေထဲကို ဝင်ရောက်ဖို့ကြိုးစားစဉ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

" ဝင်လို့ရမယ်ထင်ပြီးတော့ အထင်သေးလို့ ဝင်တာပေါ့။ ဒီဘက်က စက်လတ်နဲ့ကုတ်လိုက်တော့ သူတို့ဘက်က အထိနာတယ်။ နောက်ပြန်ဆုတ်သွားတယ်" လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးပွဲချင်းပြီးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပြီး ဇွန် ၁၃ ရက် မနက်ပိုင်းမှာ ဒဏ်ရာရရှိသူတွေထဲက ၂ ဦးထပ်မံသေဆုံးခဲ့ကာ ကျန်ဒဏ်ရာရ ၂ ဦးကိုတော့ ထုံးကြီးတိုက်နယ်ဆေးရုံမှာကုသနေရတယ်လို့ ထုံးကြီးကျေးရွာရှိ ကင်းထောက်တဦးပြောဆိုချက်ကိုကိုးကားပြီး အဲဒီရဲဘော်က ပြောပါတယ်။

စစ်ကောင်စီတပ်က ဒဏ်ရာရသူတွေကို ထုံးကြီးကျေးရွာတိုက်နယ်ဆေးရုံမှာ ဆေးကုသလေ့ရှိပြီး ဒဏ်ရာ ပြင်းထန်ပါက မိုးကုတ်-မန္တလေးကားလမ်းအနီးက ရွှေပြည်ဆေးရုံကိုသယ်ဆောင်သလို အဲဒီကတဆင့် မန္တလေး၊နန်းတွင်း လပခစစ်ဆေးရုံကိုသယ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့တပတ်အတွင်းက ပျူစောထီးကျေးရွာဖြစ်တဲ့ရွာသာယာကျေးရွာကို ရိက္ခာ ပို့ဖို့အတွက် ဧရာဝတီမြစ်အတွင်းသွားလာနေတဲ့ သံခွန်သင်္ဘောတွေကိုဖမ်းဆီးကာ ထုံးကြီးရွာကနေတဆင့် ရွာသာယာကျေးရွာကို ရိက္ခာပို့ခဲ့တယ်လို့သိရပါတယ်။

ဒီနေ့မှာတော့စစ်ကောင်စီတပ်တွေဖမ်းဆီးပြီး ရိက္ခာပို့ခဲ့တဲ့ သင်္ဘောတွေအားလုံးနီးပါး မန္တလေးမြို့ဘက်ကိုပြန်လည်ထွက်ခွာသွားပြီလို့သိရပါတယ်။

ပုံစာ - မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ( ဓာတ်ပုံ - MDY PDF)။

သတင်း - N၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စဉ့်ကူး #တိုက်ပွဲသတင်း #စစ်အုပ်စု #ပျူစောထီး #သေဆုံး #ရိက္ခာတင်သင်္ဘော

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10