စဉ့်ကူးနယ် နာမည်ကြီးပျူခေါင်းဆောင် ရေတော်မောင်နိုင်ဆိုသူနဲ့ ပျူစောထီးအဖွဲ့ဝင် ၄၀ ကျော်ကို အရှင်ဖမ်းမိထား

စဉ့်ကူးနယ် နာမည်ကြီးပျူခေါင်းဆောင် ရေတော်မောင်နိုင်ဆိုသူနဲ့ ပျူစောထီးအဖွဲ့ဝင် ၄၀ ကျော်ကို အရှင်ဖမ်းမိထား

မန္တလေးတိုင်း၊ စဉ့်ကူးနယ်မှာ စစ်ကောင်စီတပ်လက်အောက် ပျူစောထီးခေါင်းဆောင်တဦးကို ရေတော်ရွာတိုက်ပွဲအတွင်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖမ်းဆီးရမိသူဟာ စဉ့်ကူးမြို့နယ်၊ ရေတော်ရွာမှာအခြေပြုတပ်စွဲနေတဲ့ ပျူစောထီးခေါင်းဆောင် မောင်နိုင် (ဒေသအခေါ် ရေတော်မောင်နိုင်)ဆိုသူဖြစ်ပြီး ဇူလိုင် ၁၆ ရက်မှာ တော်လှန်ရေးတပ်တွေက ရေတော်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်စဉ် ၎င်းရဲ့သားဖြစ်သူ ပျူစောထီး ၂ ဦးအပါ မိသားစုဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၄၀ ဦးတို့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“ ပျူစောထီးခေါင်းဆောင် ရေတော်မောင်နိုင်ဆိုသူကို သက်ဆိုင်ရာစစ်ဒေသရုံးကို ပို့လိုက်ပြီ” လို့ စဉ့်ကူးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် မောင်နိုင်ဟာ စဉ့်ကူးနယ် ပျူစောထီးခေါင်းဆောင် ၃ ဦးအနက် နာမည်အကြီးဆုံးနဲ့ ဒေသတွင်းလုပ်ပိုင်ခွင့်အပြည့်အဝရထားတဲ့ ပျူစောထီးခေါင်းဆောင်ဖြစ်ကာ ၎င်းနယ်မြေမှာ အပိုင်နယ်မြေရဲစခန်းမှူးထက်ပင် အာဏာကြီးသူတဦးဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေလည်း စဉ့်ကူးနယ်က ပြည့်သူ့စစ်ခေါင်းဆောင် မောင်နိုင် ဖမ်းဆီးခံရကြောင်းနဲ့ ၎င်းပြည်သူ့စစ်ခေါင်းဆောင်မှာ စစ်ကောင်စီတပ်ရဲ့ အားထားရသူတဦးဖြစ်ကြောင်း ရေးသားထားပါတယ်။

အသက် ၇၀ ကျော်အရွယ်ရှိ ပျူစောထီးခေါင်းဆောင် မောင်နိုင်ဟာ စဉ့်ကူးနယ်ခံမဟုတ်ဘဲ တခြားဒေသမှရောက်ရှိလာပြီး ရေတော်ကျေးရွာအနီး သဲသောင်ပြင်ပေါ်မှာ မိသားစုလိုက်တဲထိုးနေထိုင်ကြသူတွေဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်သတင်းပေးလုပ်ဆောင်နေရာကနေတဆင့် စစ်ကောင်စီတပ်က ပျူစောထီးဖွဲ့စည်းချိန် ပျူစောထီးခေါင်းဆောင်ဖြစ်လာသူလို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း - N ၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စဉ့်ကူး #ပျူစောထီးခေါင်းဆောင် #ရေတော်မောင်နိုင် #ဖမ်းဆီး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10