စဉ့်ကူးမြို့နယ်က နာမည်ကြီးပျူစောထီးရွာကို PDF တွေသိမ်းပိုက်၊ တမြို့နယ်လုံး လွတ်မြောက်နယ်မြေဖြစ်လာ

စဉ့်ကူးမြို့နယ်က နာမည်ကြီးပျူစောထီးရွာကို PDF တွေသိမ်းပိုက်၊ တမြို့နယ်လုံး လွတ်မြောက်နယ်မြေဖြစ်လာ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ပျူစောထီးအားကောင်းတဲ့ ရွာသာယာကျေးရွာကို ဒီနေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး ပျူစောထီးတွေလည်း ဖမ်းမိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၄ ရက် မနေ့ညပိုင်းမှာ တော်လှန်ရေးတပ်တွေက ရွာသာယာကျေးရွာကို ဝင်တိုက်ခဲ့ပြီး ဒီနေ့မနက်မှာ အလုံးစုံသိမ်းနိုင်ခဲ့တာလို့ သိရပါတယ်။

"စက်လှေတွေနဲ့ ထွက်ပြေးကြတာ။ ဒီဘက်ကလည်း ပြန်ဝိုင်းထားတာ။အသေတွေလည်း ရှိတယ်။ အခုထိတော့ တော်လှန်ရေးတပ်တွေက နယ်မြေရှင်းနေကြတုန်းပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။ 

အဲဒီကပျူစောထီးခေါင်းဆောင် ဘဲမော်ကိုလည်းဖမ်းမိထားတယ်လို့သိရပြီး  ဖမ်းဆီးမိတဲ့ပျူစောထီးအရေအတွက်စာရင်းကိုတော့ မသိရသေးပါဘူး။

ရွာသာယာပျူစောထီးကျေးရွာဟာ စဉ့်ကူးမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်မှာရှိပြီး စစ်ကောင်စီက ဒရုန်းတွေ အပါအဝင် လက်နက်မျိုးစုံချထားပေးတဲ့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာဖြစ်ပါတယ်။

အဲဒီရွာကနေ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ဒဏ်ရာရသူအများအပြားလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က သရက်ပင်၊ ရေလည်မော်၊ မော်ဦး၊ ကမ်းဖြူသစ်ဆိမ့်၊ ငါးပတ်ချောင်းကျေးရွာတွေနဲ့ စဉ့်ကူးမြို့နယ်က ဟင်္သာကြီး၊ ဟင်္သာမ၊ ကြက်တူရွေး၊ စဉ့်အိုးကျွန်း၊ သဲအင်းကျေးရွာတို့ကို ရွာသာယာရွာက ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေကို သတ်ဖြတ်တာ၊ နွားနဲ့ ပစ္စည်းလုယက်တာ တွေပါပြုလုပ်ခဲ့တဲ့ကျေးရွာလည်း ဖြစ်ပါတယ်။ 

ပုံစာ - ပြီးခဲ့တဲ့ ၂ လခန့်က ရွာသာယာရွာ ပျူစောထီးများ မီးရှို့ဖျက်ဆီးခဲ့သည့် ဟင်္သာမကျေးရွာအုပ်စုမှ နေအိမ်များ။

သတင်း - N ၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဥ့်ကူးမြို့ #ရွာသာယာ #ပျူစောထီး #တော်လှန်ရေးတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10