စဉ့်ကူးမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

စဉ့်ကူးမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာကနေ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ဘုန်းကြီးကျောင်းထဲတိမ်းရှောင်နေကြတဲ့ ပြည်သူတွေထိမှန်ခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးကာ ကလေးငယ်အများအပြား ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁၂ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီခန့် တောင်အင်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အနောက်ဘက်က မြစိမ်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာကိုကျရောက်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၂ ဦးနဲ့ အဘိုးအို ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

အဲဒီအထဲက ကလေးငယ် ၁ ဦးကတော့ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

အဲဒီနောက် မွန်းလွဲ ၂ နာရီခွဲလောက်မှာပဲ အဲဒီတပ်က ထပ်ပစ်လိုက်တဲ့လက်နက်ကြီးဟာ ဆင်သေကျေးရွာထိပ်က ဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ခဲ့ပြီး ဘုန်းကြီးကျောင်းထဲ လာရောက်ရှောင်တိမ်းနေတဲ့ ပြည်သူတွေကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ 

"လက်နက်ကြီးပစ်တော့ ပြည်သူတွေကကြောက်ပြီး ဘုန်းကြီးကျောင်းကို သွားနေကြတာ။ အဲဒီ(ဘုန်းကြီးကျောင်း)ပေါ်ကို ကျတာ။ အမျိုးသား ၂ ဦးက ပွဲချင်းပြီး သေတယ်။ ကလေးတွေကတော့ အပိုင်း အစမှန်တာတွေရော တော်တော်များတာမို့ အရေအတွက်အတိအကျ မသိရသေးဘူး " လို့ ဒေသခံတဦးက ပြောပါတယ်။

စဉ့်ကူးမြို့နယ်မှာ စစ်တပ်က ပြီးခဲ့တဲ့လမှာပဲ တောင်အင်းကျေးရွာကို လက်နက်ကြီးအထိုင်ချထားပေးခဲ့တာ ဖြစ်ပါတယ်။ 

တောင်အင်းရွာရဲ့ အနောက်ဘက်က ထုံးကြီးကျေးရွာရဲစခန်းကလည်း မနေ့က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ ကြောင့် ထီးကုန်းရွာက CDM ကျောင်းဆရာမတဦးသေဆုံးကာ အဘိုးအို ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ပုံစာ - လက်နက်ကြီးထိမှန် သေဆုံး ဒဏ်ရာရသူများ။ 

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့နယ် #တောင်အင်းကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီး #ဘုန်းကြီးကျောင်း #အမျိုးသား #ကလေးငယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10