စည်ပင်သာယာပန်းခြံက စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦးပြင်းထန်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့၊ စည်ပင်သာယာပန်းခြံမှာ အစောင့်ချထားတဲ့ စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ရေစကြိုမြို့နယ်ပကဖဆီက သိရပါတယ်။

အဲ့ဒီစည်ပင်သာယာပန်းခြံမှာ စည်ပင်ဦးစီးနဲ့ စည်ပင်ဒုဦးစီး နေထိုင်တဲ့နေရာကို အင်အား ၁၅ ဦးဝန်းကျင်နဲ့ အစောင့်ချထားတဲ့ စစ်သားတွေကို စက်တင်ဘာလ ၂၈ ရက် ညနေ ၄ နာရီဝန်းကျင်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"၁၅ မိနစ်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တယ်။ ဒီကောင်တွေအထဲက ကနဦးကျနော်တို့သိရတာတော့ ၁ ယောက်ပြင်းထန်ဒဏ်ရတယ်။ နောက်ဆက်တွဲတော့ ဆက်လက်စုံစမ်းနေသေးတယ်။" လို့ ရေစကြိုမြို့နယ်ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အစောင့်ချထားတဲ့ စစ်သားတွေဟာ ခလရ ၂၅၆ တပ်က ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခံရတဲ့နောက် ရေစကြိုမြို့ပေါ်မှာ စစ်ကောင်စီက အင်အားတွေ ဖြည့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း ပခုက္ကူတပ်မ ၁၀၁ ကနေ စစ်ကူလာတဲ့ ၁၂ ဘီးကား ၁ စီးကို ရေစကြိုမြို့အဝင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ပကဖ က အသွားအပြန် ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #စည်ပင်သာယာပန်းခြံ #စည်ပင်ဦးစီး၊ဒုဦးစီး #စစ်သား #တိုက်ခိုက်ခံရ #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10