သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာ လူထုစည်းရုံးရေးအနေနဲ့ တော်လှန်ရေးရုပ်ရှင်ကို ကျေးရွာပေါင်း ၁၅ ရွာမှာ လှည့်လည်ပြသလျက်ရှိတယ်လို့ သိရပါတယ်။
ယင်းမာပင်၊ ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီ၊ လူငယ့်အားမာန်သပိတ်ကော်မတီ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁ တို့ ပူးပေါင်းကာ တော်လှန်ရုပ်ရှင်ပြသနေတာဖြစ်ပါယ်။
အဲဒီလှုပ်ရှားမှုကို ယင်းမာပင်မြို့နယ်တွင်းမှာ ဒီဇင်ဘာလဆန်းပိုင်းက စတင်ပြသခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်အထိ ကျေးရွာ ၁၅ ရွာမှာ ပြသထားပြီးဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်ရုပ်ရှင်ပြသရာမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ က ရဲဘော်တွေပါဝင်ပြီး ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ပါဝင်ပူးပေါင်းတဲ့အကြောင်းအရင်းက တိုက်စည်းပေါ့၊ တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းတိုက် ဆိုတာတဲ့အညီ လူထုကို စည်းရုံးရေးတရားဟောဖို့ လူထုသပိတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်" လို့ ယင်းမာပင်ခရိုင်တပ်ရင်း (၁)က ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။
မြေပေါ်၊ မြေအောက်တော်လှန်ရေးပူးပေါင်းလုပ်ဆောင်တာကို လူထုကို ချပြရင်း PDF တပ်သားသစ်တွေရှိခဲ့ရင်လည်း လက်နက်ကိုင်တော်လှန်ရေးကို ပါဝင်လို့ရတဲ့အကြောင်း၊ လူထုထောက်ခံမှ၊ လူထုပါဝင်မှ တော်လှန်ရေး အပြီးသတ်အောင်ပွဲကို အမြန်ရောက်နိုင်မှာဖြစ်တဲ့အကြောင်း လူထုစည်းရုံးရေးတရားတွေလည်း ဟောပြောခဲ့တယ်လို့ သူက ဆိုပါတယ်။
"လူထုအားဖြစ်စေဖို့ အနုပညာရှင်တွေ၊ သတင်းမီဒီယာသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကို ဖိတ်ပြီး Zoom ကနေ တိုက်ရိုက်တွေ့ဆုံပေးတဲ့ အစီစဥ်တွေလည်း လုပ်ဆောင်ခဲ့တယ်" လို့ ယင်းမာပင်ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
တော်လှန်ရုပ်ရှင်ပြသရာမှာ ၈၈ မျိုးဆက် ကိုမင်းကိုနိုင်၊ ကိုနေဇော်နိုင်(DVB)၊ ရုပ်ရှင်သရုပ်ဆောင် ဖုန်းဆက်သွင်၊ ထက်မြတ်၊ သဇင်ညွန့်အောင် တို့ကလည်း လူထုကို နိုင်ငံရေးတရားဟောပြောရင်း အားပေးစကားတွေပြောပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော်တွေကလည်း လူထုကို တော်လှန်သီချင်းတွေနဲ့ တေးသရုပ်ဖော်ကပြ ဖျော်ဖြေခဲ့ပါတယ်။
သတင်း - သိုက်ထွန်း၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့ #လူထုစည်းရုံးရေး #တော်လှန်ရေး #ရုပ်ရှင်
Share Share Share