စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာတောင်ဘက် ဘုန်းကြီး‌ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က ပြောပါတယ်။

စစ်သားအင်အား ၁၅ ဦးဝန်းကျင်နဲ့ တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ စနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်ခဲ့တာလို့ Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောပါတယ်။

အဲ့ဒီနေရာမှာ ပခုက္ကူတပ်မ ၁၀၁ လက်အောင်ခံစစ်သားတွေ အထိုင်ချတပ်စွဲထားတာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်သားတွေက အနောက်ချောက်ကန်ရွာကိုရောက်လာကာ လမ်းဘေးအိမ်တွေကိုစစ်ဆေးသလို လမ်းသွားလမ်းလာ‌တွေကို ရိုက်နှက်စစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ကိုကာတွန်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Burma Revolution Rangers၊ ပခုက္ကူခရိုင် local တပ်ပေါင်းစု၊ စနေမင်း ပြောက်ကျားတပ်ဖွဲ့ မြိုင်မြို့နယ် နဲ့ The Red Revolters မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကလည်း Burma Revolution Rangers အဖွဲ့အနေနဲ့ တိုက်ပွဲရပ်နားထားချိန် ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူတွေသွားလာရခက်ခဲတဲ့ လမ်းတွေကို ပြင်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #မကွေးတိုင်း #ပခုက္ကူ #စစ်ကောင်စီ #စနိုက်ပါ #တော်လှန်ရေးအင်အားစု #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10