စနိုက်ပါနဲ့ပစ်ခံရလို့ ၆၀ မမပြန်ပစ်ပေမယ့် ပြောင်းကွဲပြီး စစ်အုပ်စုက ထိခိုက်မှုများနိုင်

မကွေးတိုင်း၊ ရေစကြိုမြို့၊ ကျွန်းမကြားကျေးရွာ ဆိပ်ကမ်းမှာ ကင်းပုန်းဝတ်နေတဲ့ စစ်အုပ်စုကို ဇူလိုင်လ ၁ ရက် ညနေပိုင်းမှာ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ ခေါင်းဆောင်ဆီက သိရပါတယ်။

 

အင်အား ၄၀ လောက်နဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို အဝေးပစ်စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာမှာ တဦးထိမှန်ခဲ့ပြီး စစ်အုပ်စုဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခဲ့တယ်လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

 

နှစ်ဘက်အပြန်အလှန်ပစ်ခတ်ရာမှာ စစ်အုပ်စုဘက်က ပစ်ခတ်တဲ့ ၆၀ မမ လက်နက်ကြီးမှာ ပြောင်းကွဲသွားတဲ့အတွက် ထိခိုက်သေးဆုံးမှုတွေရှိနိုင်တယ်လို့ ဆိုပါတယ်။

 

"ကျနော်တို့ စနိုက်ပါနဲ့ပစ်ခတ်တဲ့အချိန်မှာ ၁ ယောက်တော့ထိသွားတယ်။ အဲ့လိုထိသွားပြီး စစ်အုပ်စုဘက်က လက်နက်ငယ် လက်နက်ကြီးတွေနဲ့လှမ်းပစ်တာ။ သူတို့ဘက်က ၆၀ မမ လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ပထမ ၁ ချက်ပစ်တာမှာ ကျနော်တို့ရဲဘော်တွေရဲ့ နောက်ကြောကိုကျော်ပြီးကျကွဲတယ်။ ဒုတိယ ၁ ချက် လှမ်းပစ်တာမှာ ပြောင်းကွဲပြီးတော့ ပစ်တဲ့ကောင်ကတော့ သေဖို့ ၉၀ ရာခိုင်နှုန်းသေချာတယ်။" လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

 

အပြန်အလှန်ပစ်ခတ်ချိန် ၁၅မိနစ် ဝန်းကျင်ကြာခဲ့ပြီး စစ်ကောင်စီဘက်က ဒဏ်ရာရစစ်သား‌တွေကို ရေစကြိုပြည်သူ့ဆေးရုံးကြီးမှာ အခုလက်ရှိဆေးကုသနေကြတယ်လို့ သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ #ရေစကြို #စစ်ကောက်စီ #ပစ်ခတ်မှု #စစ်သား #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10