စပါးခွံလာကျုံးတဲ့ ကလေးနည်းပညာတက္ကသိုလ်က စစ်သားတချို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

စပါးခွံလာကျုံးတဲ့ ကလေးနည်းပညာတက္ကသိုလ်က စစ်သားတချို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့နယ်တောင်ပိုင်း သာယာဝတီကျေးရွာနားမှာ ဖွဲ(စပါးခွံ)လာကျုံးတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက် ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

အောက်တိုဘာ ၂၇ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ကလေးနည်းပညာတက္ကသိုလ်( GTC) ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်ဟာ သာယာဝတီရွာထိပ်မှာရှိတဲ့ ဆန်စက်တွေဆီ ဖွဲကျုံးဖို့ ထွက်လာချိန် ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ ၅ ဦးထိ ၃ဦး သေတာသေချာ၊ ကိုယ့်ဘက်က မိုင်းကပ်ထောင်ရင်း **တွေနဲ့ တွေ့လို့ ဦးအောင်ပစ်ခဲ့တာ၊ ဆန်စက်နေရာမှာ စပါးခွံတွေဘာတွေ လာကျူံးတာ၊ ဘာလုပ်ဖို့လည်း မသိဘူး၊ သူတို့ လေ့ကျင့်ရေးလုပ်ဖို့နေမှာ။ ”လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားတဲ့ စစ်သားအလောင်း ၃ လောင်းကို အခင်းနေရာမှာထားခဲ့ပြီး သူတို့ ကိုင်ဆောင်တဲ့သေနတ်တွေနဲ့ ဒဏ်ရာရတပ်သား ၂ ဦးကိုတော့ ကျန်ရှိတဲ့တပ်သားတွေက ပြန်သယ်သွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ကလေးဒကစ တပ်ထဲကနေ စစ်ကား ၄ စီးထွက်လာခဲ့ပြီး အဲ့ဒီထဲက စစ်အင်အား ၂၀ ကျော်စီ တင်ဆောင်လာတဲ့ စစ်ကား  ၂ စီးနဲ့  ဒရုန်းတွေတင်ဆောင်လာတဲ့ ကား ၁ စီးတို့ဟာ GTC ကျောင်းထဲ ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ်မှာ အပြန်အလှန်အလစ်ငိုက် ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး နှစ်ဖက်သေဆုံးမှုတွေလည်းရှိနေကာ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ရက်နေ့ကလည်း စက္ကန့်ကျေးရွာနားမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးပြီး CNDFက ရဲဘော်တဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ - ယခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ကလေးမြို့၊ စက္ကန့်ကျေးရွာတိုက်ပွဲအတွင်းမှ ရဲဘော်များ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်သား #ပစ်ခတ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10