စပါးပေါင်းသတ်ဆေးသောက်လိုက်တဲ့ စစ်ရှောင်ကလေး ၁ဦး အရေးပေါ်ဆေးရုံတင်ထားရ

စပါးပေါင်းသတ်ဆေးသောက်လိုက်တဲ့ စစ်ရှောင်ကလေး ၁ဦး အရေးပေါ်ဆေးရုံတင်ထားရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မဲဖလံကျေးရွာနေ စစ်ရှောင်ကလေး ၁ ဦး စပါးပေါင်းသတ်ဆေးသောက်မိပြီး အရေးပေါ်ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၂၁ ရက် နေ့လယ်ပိုင်းမှာ အသက် ၁၄ နှစ်အရွယ် ကလေးတဦးက စစ်ရှောင်စခန်းကနေ နေအိမ်ကို ခေတ္တပြန်နေချိန် နေအိမ်မှာရှိတဲ့ပေါင်းသတ်ဆေးကို တဗူးလုံးနီးပါးကုန်အောင် သောက်လိုက်တာလို့ ဆိုပါတယ်။

" (ပိုးသတ်ဆေးကို) ရေသောက်သလို သောက်ပစ်တာ။ ဘာစိတ်ညစ်စရာရှိနေလဲတော့မသိဘူး။ ကလေးတွေက စစ်ရှောင်နေရတာကြတော့ စိတ်ဒဏ်ရာရှိနေပုံရတယ်။ ကျောင်းပိတ်လို့ အိမ်ခဏပြန်ချိန်မှာ လုပ်လိုက်တာ။" လို့ ဒေသခံတဦးကပြောပါတယ်။

ပေါင်းသတ်ဆေးသောက်လိုက်တဲ့ ကလေးငယ်ရဲ့အခြေနေမှာ စိုးရိမ်နေရပြီး ဒေသခံတွေရဲ့အကူအညီနဲ့ တောင်ငူဆေးရုံ၊ အဲဒီကတဆင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကိုပို့ပြီး ဆေးကုသနေရတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီကလေးငယ်ဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရသူဖြစ်ပြီး တောင်ငူမြို့၊ (၁၈) ရပ်ကွက်၊ ကြာနီကန်ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေရတာ ၅ လကျော်ခန့်ရှိပြီလို့ ဆိုပါတယ်။ 

အလားတူ တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်ကြသေးဘဲ တောင်ငူမြို့က စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရသူ စုစုပေါင်း ၇၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးတိုင်း #ထန်းတပင် #ကလေး #ပေါင်းသတ်ဆေးသောက် #ဆေးကုသ #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10