စလင်းက ပျူစောထီးဆိုသူ သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

စလင်းက ပျူစောထီးဆိုသူ သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပြောင်းခင်းတောင်ကျေးရွာက  ပျူစောထီးဆိုသူကို ဒီဇင်ဘာလ ၃ရက် ည ၈ နာရီခွဲလောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေါင်းညီနောင်မြို့ပြပျောက်ကြားအဖွဲ့ဆီက သိရပါတယ်။ 

အသက် ၅၀ အရွယ် ဦးဆန်းလွင်ကို သူရဲ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်ကာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

“သူအိမ်ထဲဝင်ပြီး အပြင်ခေါ်ထုတ်ပြီးရှင်းလင်းခဲ့တာ။ သေနတ်အတိုနဲ့ပဲ ရှင်းလင်းခဲ့တာ” လို့ ဒေါင်ညီနောင် မြို့ပြပျောက်ကြားတပ်ဖွဲ့မှ ကိုသတ္တိက ပြောပါတယ်။ 

ဦးဆန်းလွင်ဟာ အမဲသားရောင်းသူဖြစ်ပြီး စစ်တပ်နဲ့ပေါင်းကာ ဒေသခံတွေရဲ့နွားတွေကို စျေးနှိမ်ဝယ်ယူတဲ့အပြင် သူ့ဆီကို မရောင်းသူတွေကိုလည်း PDF နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခိုင်းတာတွေလုပ်တယ်လို့ သိရတာကြောင့် ခုလို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

ရှင်းလင်းပြီးနောက်မှာ ဦးဆန်းလွင်ဆီကနေ ဖုန်း ၁ လုံးနဲ့ ဆိုင်ကယ် ၂ စီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်ကလည်း ပွင့်ဖြူမြို့မော်တော်ပီကယ်ရုံးကို ဒေါင်းညီနောင် မြို့ပြပြောက်ကျား အဖွဲ့က လက်ပစ်ဗုံးနဲ့ ဖောက်ခွဲခဲ့ရာ စစ်သားတဦးဒဏ်ရာရပြီး မော်တော်ပီကယ်ရုံး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စလင်း #ပြောင်းခင်းတောင် #ပျူစောထီး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10