သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလှိုင်တွင်းကျေးရွာအနားက ရေနံမှော်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ်ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မင်းဘူးခရိုင်၊ တပ်ရင်း ၁ People's Defence Force-Salin ဆီက သိရပါတယ်။
အဲ့ဒီစခန်းကုန်းမှာ အင်အား ၆၀ လောက်နဲ့ စစ်ကောင်စီက တပ်စွဲထားတာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက် မနက် ၉ နာရီလောက်မှာ စခန်းနဲ့ မီတာ ၆၀၀ ကျော်အထိ ချဉ်းကပ်သွားပြီး အနီးကပ်ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ရဲဘော်အင်အားအနည်းဆုံးနဲ့ တိုက်ခိုက်ခဲ့တာ။ ပထမ ကျနော်တို့ပစ်တဲ့အချိန်မှာတော့ သူတို့ဘက်က ၂ ဦး သေဆုံးပြီး ၇ ဦးက ဒဏ်ရာရတယ်” လို့ မင်းဘူးခရိုင် တပ်ရင်း ၁ People's Defence Force-Salin တပ်ရင်းဗိုလ်ကြီး တွမ်တီဝမ်းက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် တပ်ရင်း ၁ People's Defence Force-Salin တဖွဲ့တည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး မင်းဘူးခရိုင်စိုးမိုးမှုနေရာအနားမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာသွားပြီး အဲဒီရေနံမှော်တဝိုက် စစ်ကြောင်းတွေ ရှုပ်နေကာ စစ်ကြောင်းတွေ ထပ်ဆင်းလာတာတွေရှိတယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #စလင်းမြို့နယ် #ငလှိုင်တွင်းကျေးရွာ #ရေနံမှော် #စစ်ကောင်စီစခန်းကုန်း #ပြောက်ကျား #တိုက်ခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း
Share Share Share