စလင်းက အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

စလင်းက အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်တောတိုက်နယ်၊ ပခက်တိုင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အသက် ၅၀ အရွယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးကို မတ်လ ၁၈ ရက်ည ၁၀ နာရီခွဲလောက်က သူရဲ့နေအိမ်မှာပဲ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“စစ်မှူထမ်းဖို့ တအိမ်တယောက် အစည်းအဝေးတက်ဖို့ အသံချဲ့စက်နဲ့ သူကအော်တာ။ ရင်ဘတ်ကိုအတို (ပစ္စတို) နဲ့ ၃ ချက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တာ။ အလောင်းတော့ ဒီအတိုင်း ထားခဲ့တယ်။” လို့ စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

ပစ်ခတ်ပြီးနောက် ဦးမြင့်ထူးဆီကနေ လက်လုပ်သေနတ်အတိုတလက်နဲ့ စကားပြောစက် တလုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် မတ်လ ၁၉ ရက် ဒီမနက်ပိုင်းမှာတော့ သရက်တောတိုက်နယ်အနီ ကံပြားရဲစခန်းမှာ စစ်ကောင်စီတပ်သားတွေက သေနတ်တွေပစ်ဖောက်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း မကွေးတိုင်း၊ စလင်းမြို့နယ်၊ မန်ကျီးကုန်းကျေးရွာက စစ်တပ်သတင်းပေးဆိုသူ ပျူစောထီး ၂ ဦးကို စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #စလင်း #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10