စလင်းနယ်က ပျူစောထီး ၂ ဦးကို နေအိမ်မှာဖမ်းဆီးမိ သေနတ်နဲ့ပြန်ခုခံလို့ ပစ်ခတ်ရှင်းလင်း

စလင်းနယ်က ပျူစောထီး ၂ ဦးကို နေအိမ်မှာဖမ်းဆီးမိ သေနတ်နဲ့ပြန်ခုခံလို့ ပစ်ခတ်ရှင်းလင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မန်ကျီးကုန်းကျေးရွာက သတင်းပေးပျူစောထီး ၂ ဦးကို ဖေဖော်ဝါရီ ၆ ရက် မနေ့ ည ၉ နာရီဝန်းကျန်မှာ နေအိမ်တွေမှာ အရှင်ဖမ်းဆီးရမိပြီး သေနတ်နဲ့ပြန်လည်ခုခံလို့ ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်း အဖွဲ့ထံက သိရပါတယ်။

မန်ကျီးကုန်းကျေးရွာက အသက် ၆၀ ဝန်းကျင် ဦးတင်မွှေးနဲ့ အသက် ၅၀ ဝန်းကျင် ဦးဖိုးကြီးတို့ရဲ့ နေအိမ်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးတာမှာ လက်နက်ကိုင်ဆောင်ထားတာကို တွေ့ခဲ့ရတဲ့အပြင် သေနတ်နဲ့ ပြန်လည်ခုခံတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်း တာဝန်ခံက ပြောပါတယ်။

"သူတို့ကတအိမ်ထဲမှာ အတူရှိနေတာမဟုတ်ပါဘူး၊ တယောက်ရဲ့အိမ်ကို ဝင်ပြီးဖမ်းဆီးခေါ်ဆောင်ပြီးတော့ နောက်တယောက်အိမ်ကို လိုက်ပြခိုင်းတာ၊ အဲ့ဒီအိမ်ရောက်မှ သူတို့အနေနဲ့ ကျန်တဲ့တယောက်က ခုခံပစ်ခတ်တာကြောင့် ပစ်သတ်ခဲ့ရတာ" လို့ သူက ဆက်ပြောပါတယ်။

ယခင်ဆန္ဒပြကာလတွေမှာ NLD အမှုဆောင်ဦးနိုင်လင်းကို ပျူစောထီး ၂ ဦးက သတင်းပေးလို့ စစ်ကောင်စီကဝင်ရောက်ဖမ်းဆီးတဲ့အခါ ထွက်ပြေးလို့ပစ်သတ်ခံရတာမှာလည်း ဦးတင်မွှေးနဲ့ ဦးဘိုးကြီးတို့ ထိပ်ဆုံးကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

"စစ်ဆေးတာမှာ 5.56 နဲ့ 9 မမ သေနတ်အတိုနဲ့ ပြန်လည်ခုခံဖို့လုပ်တဲ့အချိန် ကျနော်တို့အနေနဲ့လက်ဦးစွာပစ်ခတ်ရှင်းလင်းလိုက်ရတာလို့" တာဝန်ခံက ပြောပါတယ်။

သေဆုံသွားတဲ့ ပျူစောထီး ၂ ဦးဆီကနေ 5.56 သေနတ် ၁ လက်နဲ့ 9 မမ ၁ လက် သိမ်းဆည်းရရှိခဲ့ပြီ ယနေ့ ဖေဖော်ဝါရီ ၇ ရက်မှာတော့ စစ်ကောင်စီကစစ်‌ကြောင်းထိုးပြီး စလင်းမြို့နယ်၊ ကန်ရွာက ပြည်သူ ၂၀ ဦးကို ဓါးစာခံလုပ်ပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #စလင်း #ပျူစောထီး #ပစ်ခတ်ရှင်းလင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10