စလင်းနယ်မှာ စစ်တပ်ပူးပေါင်းစစ်ကြောင်းကို မိုင်းရာချီဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူများဟုဆို

စလင်းနယ်မှာ စစ်တပ်ပူးပေါင်းစစ်ကြောင်းကို မိုင်းရာချီဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူများဟုဆို

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလိုင်တွင်းရွာအနီးမှာ နိုဝင်ဘာ ၁၀ ရက်မနက်ပိုင်းက  စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုများတယ်လို့  မင်းဘူးခရိုင် တပ်ရင်း ၁ People's Defence Force-Salin တပ်ဖွဲ့ဆီက သိရပါတယ်။

ကဇွန်းမ ကပစ ၂၁ နဲ့ စလင်းမြို့ရှိတပ်တွေပူးပေါင်းလာတဲ့ စစ်အင်အား ၂၅၀ ဝန်းကျင် စစ်ကြောင်းဟာ ငလိုင်တွင်းရွာကနေ စစ်ကြောင်းထိုးလာတာဖြစ်ပြီး အဆိုပါရွာအနီးမှာ ရှေ့ထွက်မိုင်း၊ တိုက်မိုင်း အလုံးရေ ၁၀၀ နဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ ကျနော်တို့က မြေပြင်အနေအထားကြည့်ပြီး မိုင်းရာကျော်ခင်းထားတာ။ အရေအတွက်ကတော့များတယ်။ ထိခိုက်ဒဏ်ရာရတာက ၂၀ လောက်နဲ့ သေတာက ၃၀ လောက်ကြားတယ်။ စလင်းတပ်က စစ်ကြောင်းမှူးကတော့ မိုင်းထိပြီး ပေါင်ဘယ်ဘက်အခြမ်း ပြတ်ထွက်သွားတယ်သိရတယ်” လို့ မင်းဘူးခရိုင် တပ်ရင်း ၁ People's Defence Force-Salin တပ်ရေးဗိုလ်ကြီး တွမ်တီဝမ်းက ပြောပါတယ်။ 

အဲ့ဒီမိုင်းဆွဲခံရတဲ့ စစ်ကြောင်းက ဒဏ်ရာရစစ်သားတွေကို စလင်းဆေးရုံကိုပို့ဆောင်ပြီးတဲ့နောက် ကံပြားဘက်ကို ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် တပ်ရင်း ၁ People's Defence Force-Salin၊ အမှတ် ၂ တပ်ရင်းနဲ့ SLN-LPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၂ ရက်ကလည်း စလင်းမြို့နယ်၊ မန်းကျည်းကန်ရွာကနေ ကျွဲဦးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုကို People's Defence Force-Salin တပ်ဖွဲ့က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံး၊ဒဏ်ရာရတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ယမန်နေ့က စစ်ကောင်စီတပ်အား မိုင်းဆွဲရန် ကာကွယ်ရေးပူးပေါင်းအဖွဲ့များ စစ်ကြောင်းထွက်နေစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #စလင်း #စစ်တပ်စစ်ကြောင်း #မိုင်းဆွဲခံရ #ထိခိုက်သေဆုံး #များပြား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10