သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆည်ကန်ရွာကနေ အင်အား ၃၀ ကျော်နဲ့ ရှေ့ပြေးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြောင်းခြားရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။
အဆိုပါ စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းဟာ မြောင်းခြားရွာကို စစ်ကြောင်းထိုးဖို့ တက်လာတာဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ မြောင်းခြားရွာနဲ့ မီတာ ၇၀ အကွာလောက်ကနေ ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။
နှစ်ဘက်ထိတွေ့တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွါချိန် ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့တိုက်မိုင်းတွေနဲ့ တိုးမိပြီး ဗိုလ်ကြီး ၁ ဦးအပါ ၇ ဦးဒဏ်ရာရကာ ၆ ဦးသေဆုံးတာကို မျက်မြင်နယ်ခံတွေ ပြောပြချက်အရ သိရတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ JOKER က ပြောပါတယ်။
တိုက်မိုင်းတွေထိပြီးနောက် အဆိုပါစစ်ကြောင်းဟာ ဆည်ကန်ရွာထဲကို ပြန်ဝင်သွားပြီးနောက် ဒီဇင်ဘာ ၂၃ ရက် နေ့လယ် ၃ နာရီလောက်မှာလည်း ဆည်ကန်ရွာကနေ နောက်တကြိမ် စစ်ကားနဲ့ ပြန်တက်လာတာမှာ မြောင်းခြားရွာအနီးမှာပဲ တိုက်မိုင်းတွေထပ်တိုးခဲ့သေးတယ်လို့ သိရပြီး သေဆုံးထိခိုက်စာရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဆည်ကန်ရွာကနေ ထွက်လာပြီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ လင်းဇင်ရဲစခန်း၊ ကံပြားရဲစခန်းတို့ကရဲတွေနဲ့ စလင်း ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ တပ်က စစ်သားတွေလို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#စလင်း #မြောင်းခြားရွာ #စစ်ကောင်စီ #စစ်ကြောင်း #တိုက်ပွဲ
Share Share Share