သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ(စလင်း)တပ်ဖွဲ့ဝင်တွေက စလင်းမြို့အနီးက ကားလမ်းမ တနေရာကို လုံခြုံရေးစစ်ဆေးမှု ၂ ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စလင်း-ဆင်ဖြူကျွန်းကားလမ်းပိုင်းကို ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်တို့မှာ မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိ ခရီးသွားပြည်သူတွေသွားလာရေးအဆင်ပြေစေရန် စစ်ရေးလုံခြုံရေးအရ စစ်ဆေးမှုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
" ၄ , ၅ ရက်တွေမှာ တနေကုန်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါဗျ။ အဓိကတော့ စစ်ရေးနဲ့ ပြည်သူလူထုလုံခြုံရေးအရ မြို့နဲ့ မိုင်အနည်းငယ်ခန့်အကွာမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်” လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ စလင်း(ပကဖ)မှတာဝန်ရှိသူတဦးကပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေ လုံခြုံရေးဆောင်ရွက်နေချိန်အတွင်းမှာ စလင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်တာတွေပြုလုပ်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေနဲ့ မြို့နဲ့ အနီးဆုံးမှာ စစ်ဆေးမှုတွေလည်း ပြုလုပ်နေတဲ့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် မိဘပြည်သူများအနေနဲ့ စလင်း(ပကဖ)မှ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ကိုလည်း မေတ္တာရပ်ခံအပ်ပါတယ်လို့ဆိုပါတယ်။
စလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပေါ်တက်သိမ်းမှာတွေရှိတဲ့အပြင် ထိတွေ့တိုက်ပွဲရှိလာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထွေအုပ်ရုံးတို့ ရဲစခန်းတို့ကဝန်ထမ်းတွေနဲ့ မြို့ခံပြည်သူတွေကို စစ်ကောင်စီက ရှောင်းခိုင်းနေတာလို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #စလင်းမြို့ #ပကဖ #ကားလမ်းမ #လုံခြုံရေး #စစ်ဆေး
Share Share Share