စလင်းမြို့ ငလင်ပန်းရွာကိုလာတဲ့ စစ်တပ်နဲ့ပျူစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေရှိ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့ကနေ ငလင်ပန်းရွာကိုထွက်လာတဲ့ စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းစစ်ကြောင်းကို စက်တင်ဘာ၂၁ ရက်မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ဆီက သိရပါတယ်။

ခလရ ၂၅၃၊ ၂၅၄ က စစ်သားတွေနဲ့ ပွင့်ဖြူမြို့နယ် ဆင်လူးရွာက ပျူစောထီးတွေပေါင်းထားတဲ့ အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ စလင်းမြို့ကနေ ငလင်ပန်းရွာကိုထွက်လာချိန် ရွာထိပ်အရောက် နေ့လယ် ၂ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးသီး ၅ လုံးအထက်ကြဲချခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၁ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲချခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ငလင်ပန်းရွာကနေ စလင်းမြို့‌ပေါ်ကို ဆုတ်ခွာသွားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် တပ်ရင်း ၁ က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #စလင်း #ငလင်ပန်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10