သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီး ၁ ဦး အလိုမတူဘဲအဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူကို ဖမ်းဆီးအရေးယူထားတယ်လို့ မင်းဘူးခရိုင်ပကဖထံက သိရပါတယ်။
အောက်တိုဘာ ၂၁ ရက် မနက် ၉ နာရီကျော်မှာ မြောင်းသစ်ကျေးရွာနဲ့ဂုံညှင်းနွယ်ကျေးရွာအကြား လယ်ကွင်းစပ်အနီး မြောင်းသစ်ကျေးရွာနေ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး မိန်းမကိုယ်ပြတ်တောက်၊ ညာဘက်ရင်သားပြတ်ထွက်၊ ဝမ်းဗိုက်ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို လယ်ယာလုပ်ငန်း သွားသူတွေကတွေ့ရှိပြီး စလင်းပကဖထံအကြောင်းကြားလာတာကနေ ပကဖနဲ့ပအဖ ပူးပေါင်းစုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
" ပကဖ၊ ပအဖအဖွဲ့တွေရဲ့စုံစမ်းမှုအရ သွားတဲ့အချိန်မှာ လူသွားလူလာရှိတယ်။ အခင်းဖြစ်တဲ့နေရာမှာတော့ လူပြတ်တယ်။ အဲ့အမျိုးသမီးဘယ်သူတွေနဲ့ သွားလာတုန်းဆိုတော့ ဦးစံ ဆိုသူနဲ့ သွားတယ်ဆိုတာ သတင်းရလို့ သူ့ကိုဖမ်းဆီးစစ်ဆေးတာ ပြစ်မှုကျူးလွန်ကြောင်းပေါ်ပေါက်ခဲ့တာ။ သူကိုယ်တိုင်လည်း ဝန်ခံတယ်" လို့ မင်းဘူးခရိုင်ပကဖပြန်ကြားရေားတာဝန်ခံ ကိုအညာသားက ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူမှာ ဂုံညှင်းနွယ်ကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ဦးစံ ဆိုသူ ဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်မှာ သူ့ရဲ့နေအိမ်ကနေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
မြို့နယ်ပကဖ၊ပအဖအဖွဲ့တွေရဲ့စုံစမ်းသိရှိချက်နဲ့ ဦးစံရဲ့ ဝန်ခံထွက်ချက်တွေအရ အခင်းဖြစ်ပွားတဲ့အောက်တိုဘာ ၂၁ ရက် မနက် ၆ နာရီကျော်မှာ သေဆုံးသူအမျိုးသမီးလယ်ထဲသွားချိန် ဦးစံက နောက်ကနေလိုက်သွားခဲ့ကြောင်း၊ အဲဒီနောက် အမျိုးသမီးပိုင်လယ်တဲနားအရောက်မှာ ဦးစံက အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့ရာ အမျိုးသမီးကလက်မခံတာကြောင့် ဦးစံက အနီးအနားတွေ့ရတဲ့ မြေတူးဂေါ်ပြားအကြီးနဲ့ အမျိုးသမီးဦးခေါင်းကိုရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
"အမျိုးသမီးဦးခေါင်းနောက်စေ့ကို ဂေါ်ပြားနဲ့ရိုက်လိုက်တယ်။ သတိလစ်သွားကာမှ အဓမ္မပြုကျင့်တယ်။ သူလည်းအဲလိုဘဲထွက်ဆိုတယ်။"လို့ တာဝန်ခံကိုအညာသားက ဆက်ပြောပါတယ်။
အဲဒီနောက်အမျိုးသမီးသတိပြန်လည်လာချိန်မှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေထပ်မံဖြစ်ပွားခဲ့ပြီး ဦးစံက အမျိုးသမီးဦးခေါင်းကို ဂေါ်ပြားနဲ့ထပ်မံရိုက်နှက်၊ ခုတ်ဖြတ်သတ်ဖြတ်ခဲ့ကာ ၎င်းရဲ့နေအိမ်မှာပြန်လည်နေထိုင်နေချိန် ပကဖ၊ ပအဖအဖွဲ့တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသမီးနဲ့ ဦးစံတို့ဟာ ရွာနီးနားချင်းတွေဖြစ်တာကြောင့် ခင်မင်ရင်းနှီးနေသူတွေဖြစ်သလို ဦးစံမှာလည်း အိမ်ထောင်နဲ့ သားသမီးတွေလည်းရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူလို့ဆိုတဲ့ ဦးစံကို ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ အမှုအပြင် ကြိုတင်ကြံစည်မှုတွေနဲ့ပါ အမှုဖွင့်ဖမ်းဆီးထားပြီး စလင်းမြို့ နယ်ပကဖ၊ ပအဖအဖွဲ့တွေကနေ အရေးယူသွားမှာ လို့သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #စလင်း #အမျိုးသမီး #အဓ္ဓမပြုကျင့် #သတ်ဖြတ်
Share Share Share