စလင်းမှာ စစ်ကောင်စီ MiG-29 တိုက်လေယာဥ် ပျက်ကျ

စလင်းမှာ စစ်ကောင်စီ MiG-29 တိုက်လေယာဥ် ပျက်ကျ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပွင့်ဖြူ-စလင်းလမ်းပိုင်းရှိ ကြူဝင်းရွာအနီးမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစီး ပျက်ကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက် ဒီနေ့လယ် ၁ နာရီကျော်က ပျက်ကျခဲ့တာဖြစ်ပြီး တိုက်လေယာဥ်ပေါ်မှာ ပါလာတဲ့ တပ်သားတချို့လည်း သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

“လေထီးခုန်ချတာတွေလည်းရှိတယ်။ ခုန်ချတဲ့ ၂ ယောက်ကတော့ လွတ်တယ်။ (ပျက်ကျတဲ့လေယာဉ်)အတွင်းထဲမှာလည်း ၂ ယောက်ပါတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

ပျက်ကျတဲ့ တိုက်လေယာဉ်ဟာ မကွေးလေတပ်စခန်းဌာနချုပ်က ပျံသန်းလာတဲ့ MiG-29 တိုက်လေယာဉ်အမျိုးအစားဖြစ်တယ်လို့ ‌မကွေးလေတပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

လက်ရှိအချိန်ထိ စလင်းနဲ့ ပွင့်ဖြူမြို့မှာလည်း ရဟတ်ယာဉ်တချို့ ပျံသန်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

#မြေလတ်အသံ

#မကွေး #စလင်း #တိုက်လေယာဥ်ပျက်ကျ #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10