စလင်းမှာ ပျူစောထီးခေါင်းဆောင် ရှင်းလင်းခံရ

စလင်းမှာ ပျူစောထီးခေါင်းဆောင် ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဂုန်ညင်းနွယ်ကျေးရွာက စစ်ကောင်စီ လက်နက်ပေးထားတဲ့ ပျူစောထီးခေါင်းဆောင်တဦးကို နိုဝင်ဘာ ၁၇ ရက် ညပိုင်းမှာ PDF တွေက ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်း ဆီက သိရပါတယ်။

ရှင်းလင်းခံရသူမှာ စိုးမြင့်ဖြစ်ပြီး သူဟာ စစ်ကောင်စီတပ်က ပေးတဲ့လက်နက်ကိုင်ဆောင်ကာ အဲ့ဒီကျေးရွာတဝိုက်က အင်အား ၃၀ ကို ပြည်သူ့စစ်သင်တန်းပေးတာတွေ လုပ်ခဲ့တာကြောင့် သေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

အသတ်ခံရတဲ့ ပျူစောထီးခေါင်းဆောင် စိုးမြင့်ဟာ သူ့အိမ်မှာရှိနေတဲ့အချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“သေနတ်နဲ့ ၄ ချက်ပစ်ပြီး ရှင်းလင်းခဲ့တာ။ ကျနော်တို့ လက်လုပ်ရှော့ဂန်းတွေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ။ ကျည်ဆံတွေက ဖွာသွားတာကြောင့် ခန္ဓာကိုယ်နေရာတော်တော်များများကို မှန်သွားတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်း တာဝန်ခံက ပြောပါတယ်။

ပျူစောထီးခေါင်းဆောင်ကို ရှင်းလင်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကလည်း စလင်းမြို့ပေါ် လှည့်ကင်းပတ်ပြီး ရဲစခန်းပြန်လာတဲ့ ဆိုင်ကယ်စီးရဲ‌တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်း အဖွဲ့က မြင်တင်ရပ်ကွက်ရှိ ဆင်ကိုးကောင်ဘုရာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #စလင်းမြို့နယ် #စစ်ကောင်စီ #ပျူစောထီး #PDF #ဒလန် #ဂုန်ညင်းနွယ် #ပစ်ခတ် #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10