စလင်းမှာ လယ်ထဲသွားတဲ့ လင်မယား ၂ ဦး မိုင်းထိသေဆုံး

စလင်းမှာ လယ်ထဲသွားတဲ့ လင်မယား ၂ ဦး မိုင်းထိသေဆုံး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်၊ လေးအိမ်စုကျေးရွာအနီး လယ်ယာလုပ်ငန်းထဲသွားတဲ့ လင်မယား ၂ ဦး မိုင်းထိသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုင်းထိသေဆုံးသူတွေဟာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဦးသောင်းတင်နဲ့ ဒေါ်စန်းဝေတို့ လင်မယားဖြစ်ပြီး ဇွန် ၁၂ ရက် နေ့လယ် ၁ နာရီခန့်မှာ ကျေးရွာထဲကနေ သူတို့ပိုင်လယ်ထဲကိုအသွား လယ်ကွင်းနဲ့ကျေးရွာလမ်းအစပ်နားမှာ မိုင်းထိခဲ့တာလို့ဆိုပါတယ်။

"သိရသလောက်က မိုင်းထိတော့ တော်တော်လေးကိုအခြေနေဆိုးဆိုးနဲ့ လင်မယားနှစ်ယောက်စလုံး နေရာမှာ။ မြို့ဆေးရုံတောင်မပို့ရဘဲ ရွာမှာပဲသင်္ဂြိုဟ်လိုက်ရတယ်။ မြို့နဲ့လည်း တော်တော်လှမ်းတယ် "လို့ စလင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းနင်းမိလို့လင်မယား ၂ ဦးစလုံးမှာ ခြေထောက်အပါအဝင် ခန္ဓာကိုယ်အနှံ့မိုင်းစထိမှန်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားကြပြီး ရုပ်အလောင်းတွေကိုတော့ နေ့ချင်းပဲကျေးရွာဓလေ့နဲ့အညီ သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

“ လေးအိမ်စုရွာက လင်းဇင်းရဲစခန်းရဲ့ အနောက်မှာရှိတာ။ မြောင်ရွာဟောင်းပါ။ အဲ့ဒီရွာဘက်အနီးမှာ လင်မယား ၂ ယောက်မိုင်းမိတာ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာနဲ့အနီးတဝိုက်ရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသွားလာ ဝင်ရောက်မှုတွေရှိနေသလို တော်လှန်ရေးတပ်ဖွဲ့တွေလည်း လှုပ်ရှားသွားလာမှုတွေရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #စလင်း #ဒေသခံ #မိုင်းထိ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10