စလင်း အထက ၁ မှာ ကျောင်းမတက်ဖို့ သတိပေးစာကပ်ခံရလို့ ကျောင်းသားတွေကို နေအိမ်ပြန်ခေါ်၊ မြို့တွင်းလုံခြုံရေးတင်းကျပ်ထား

စလင်း အထက ၁ မှာ ကျောင်းမတက်ဖို့ သတိပေးစာကပ်ခံရလို့ ကျောင်းသားတွေကို နေအိမ်ပြန်ခေါ်၊ မြို့တွင်းလုံခြုံရေးတင်းကျပ်ထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မြင်တင်ရပ်ကွက်ရှိ အထက ၁ စာသင်ကျောင်းမှာ နိုဝင်ဘာ ၂၀ ရက် ဒီကနေ့ မနက်ပိုင်းက ကျောင်းအဝင်ပေါက်ဝမှာ ကျောင်းမတက်ဖို့ သတိပေးစာကပ်ခံခဲ့ရတယ်လို့ စလင်းမြို့ခံတွေထံက သိရပါတယ်။

ကျောင်းမတက်ဖို့ သတိပေးစာကပ်ခံရတာကြောင့် ကျောင်းသားမိဘတွေက ကျောင်းသားတွေကို စာသင်ကျောင်းကနေ နေအိမ်ကို ပြန်ခေါ်ကြလို့ လူစုလူဝေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ ကျောင်းသား ကျောင်းသူတွေ ကျောင်းမတက်ဖို့  ထ ၁ ကျောင်းမှာ သတိပေးစာတွေ ဒီမနက်ကပ်သွားတယ်။ ဘယ်သူတွေ လာကပ်တယ်ဆိုတာတော့ မသိဘူး။ အဲ့ဒါကို‌မိဘတွေကသိတော့ ကြောက်ပြီး ကလေးတွေကိုပြန်ခေါ်ကြတော့ ကျောင်းမှာ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်တယ်” လို့ စလင်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကျောင်းမတက်ဖို့ကပ်ထားတဲ့စာတွေကို ဓါတ်ပုံရိုက်ယူတဲ့ အမျိုးသားတဦးကိုလည်း စစ်အုပ်စုက ဖမ်းသွားတယ်လို့ သူကဆက်ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် လက်ရှိအချိန်မှာ စလင်းမြို့ အဝင်၊အထွက်လမ်းအားလုံးမှာ စစ်ကောင်စီက အင်အားသုံးပြီး စစ်ဆေးနေကာ မြို့တွင်းလုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

ပုံစာ - စလင်းမြို့ အထက ၁ ကျောင်း(ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #စလင်း #စာသင်ကျောင်း #အထက ၁ #သတိပေးစာ #ကပ်ခံရ #လူစုလူဝေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10