စဥ့်ကူးက ပျူစောထီးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

စဥ့်ကူးက ပျူစောထီးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

 

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူး ဒီဇင်ဘာလ ၁၆ ရက် မနေ့နေ့လည် ၁၂ နာရီကျော်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသွားသူမှာ ငပြင်းအင်းကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၆ နှစ်အရွယ် ဦးကျော်ဝင်းနိုင် ဖြစ်ပြီး စဥ့်ကူးမြို့ကနေ ငပြင်းအင်းကျေးရွာဘက်ကို ဆိုင်ကယ်နဲ့တဦးတည်းပြန်လာချိန် ကျေးရွာအနီးအရောက်မှာ သေနတ်သမားတွေက ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"သူက စကစ ခန့်အုပ်ကြီး၊ ကျေးရွာ ပျူစောထီးအဖွဲ့ဝင်ပါ။ ဖြစ်တာက မြို့ကနေပြန်အလာ ရွာတောင်ဘက်လမ်းပေါ်မှာ ပစ်ခံရတာ"လို့ စဉ့်ကူးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးကျော်ဝင်းနိုင်ရဲ့ နားထင်နဲ့ပုခုံးမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာမှာဘဲ သေဆုံးသွားပြီး အုပ်ချုပ်ရေးမှူးအလောင်းကိုဒေသခံတွေက စဥ့်ကူးဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးအသတ်ခံရတာနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်လာတာမျိုးတော့ မတွေ့ရသေးပါဘူး။

အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း စဥ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဗေဒါ နေအိမ်မှာ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း- ရင်ငြိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10