စဥ့်ကူးနယ်က ပျူစောထီးတွေ ဒရုန်းဗုံးချလို့ ကလေး ၃ ဦး ဒဏ်ရာပြင်းထန်

စဥ့်ကူးနယ်က ပျူစောထီးတွေ ဒရုန်းဗုံးချလို့ ကလေး ၃ ဦး ဒဏ်ရာပြင်းထန်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာရွာရှိပျူစောထီးတွေက အနီးနားကျေးရွာတွေကို အောက်တိုဘာ ၃၀  မနေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် ရွာသာယာနဲ့ ဧရာဝတီမြစ်ကျဉ်းသာခြားတဲ့ ဝက်လက်မြို့နယ်၊  သရက်ပင်ကျေးရွာကို ဗုံးသီးကျရောက်ပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး ၁၃ နှစ် အရွယ် ယောကျာ်းလေး ၂ ဦး ဗုံးစထိမှန်ခဲ့တာလို့ သိရပါတယ်။

"၁၅ နှစ် ကလေးက လက်ချောင်းလေးတွေထိတာ။ နောက်ထပ်ယောကျာ်းလေး ၂ ယောက်မှာ ကလေးတယောက်က ရင်ဘတ်ပွင့်ထွက်သွားတယ်။ နောက်တယောက်ကလည်း တံတောင်ဆစ်မှန်တာ" လို့ ဝက်လက်နယ် ဒေသခံတဦးကပြောပါတယ်။

ဗုံးစထိမှန်တာကြောင့် အသက် ၁၃ နှစ် အရွယ်ကလေး ၂ ဦးဟာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေလို့ ဆိုပါတယ်။

စဥ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာက ပျူစောထီးတွေဟာ အနီးနားကျေးရွာတွေက ဒရုန်းနဲ့တိုက်ခိုက်မှု မကြာခဏပြုလုပ်နေပြီး အောက်တိုဘာလတတိယပတ်ထဲမှာလည်း ကြက်တူရွေးရွာ၊ ကမ်းဖြူရွာနဲ့ ရေလည်မော်ကျေးရွာတွေကို ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးခဲ့ပါသေးတယ်။

အောက်တိုဘာလ ၂၅ ရက်ကလည်း ရွာသာယာရွာကပျူစောထီးတွေဟာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ဟင်္သာမကျေးရွာထဲကိုဝင်ရောက်မီးရှို့ကာ ပြည်သူ ၂ ဦးကိုသတ်ပြီး ဒေသခံတွေရဲ့ပစ္စည်းတွေနဲ့ တိရိစ္ဆာန်တွေကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စဉ့်ကူး #ပျူစောထီး #ဒရုန်းဗုံးချ #တိုက်ခိုက်မှု #ဝက်လက်နယ် #ကလေး ၃ ဦး #ဒဏ်ရာပြင်းထန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10