စဥ့်ကူးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသား ၁ ဦးသေဆုံး

စဥ့်ကူးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသား ၁ ဦးသေဆုံး

စဥ့်ကူးမြို့နယ်၊ ကျောက်ငနွားကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်သွားတာကြောင့် ဒေသခံအမျိုးသား ၃ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကာ ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၉ ရက် မနေ့ ညနေ ၅ နာရီလောက်မှာ မန္တလေးမြို့ဘက်ကနေ ထွက်လာတဲ့စစ်ကားတွေ ၄ စီးဟာ မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ ကျောက်ငနွားကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာထဲမှာရှိနေတဲ့ အသက် ၄၀ ဝန်းကျင်ဒေသခံအမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ၂ ဦး စိုးရိမ်ရကာတဦးဟာ ညအစောပိုင်းမှာပဲ ရရှိထားတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ကျော်အရွယ် ကိုကျော်မျိုးထက်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

"စိုက်ကွင်းရွာဘက်က မန္တလေး-မိုးကုတ်လမ်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရွာတွေကို လျှောက်ပစ်ပြီး ပြန်သွားတာ။ တိုက်ပွဲလည်းမရှိ နယ်မြေလည်းငြိမ်နေတော့ဒေသခံတွေက ကိုယ့်အိမ်ကို နေနေကြတာပေါ့။ ရွာထဲကျ တော့ထိတာပါပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေဟာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်မှာကို ကြောက်ပြီး ကျေးရွာထဲကနေ ရှောင်တိမ်းနေထိုင် ကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။

မတ္တရာ-မိုးကုတ်လမ်းပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တာ တွေ မကြာခဏပြုလုပ်နေပြီး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာထဲကို ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စဥ့်ကူးမြို့နယ် #ကျောက်ငနွားကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီး #အမျိုးသား #အရပ်သား #ပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10