အကြောင်းအမျိုးမျိုးနဲ့ ဝေးကွာနေရသူတွေချင်း စာလွှာလေးတွေပေးပို့ အလွမ်းဖြေနိုင်မယ့် "မြေလတ်တံတား" ၂

မြေလတ်ဒေသက သတင်းတွေကို အဓိကထား တင်ဆက်ပေးနေတဲ့ "မြေလတ်အသံ"ရဲ့အစီအစဉ်အသစ် "မြေလတ်တံတား" Podcast အစီအစဉ်ဖြစ်ပါတယ်။ 

အခုအချိန်ကာလမှာ တယောက်နဲ့ တယောက် ဆက်သွယ်ဖို့ခက်ခဲနေရတဲ့သူတွေများစွာ ရှိပါတယ် ။ ဒီလိုဆက်သွယ်ရခက်ခဲနေသူတွေကို "မြေလတ်တံတား" ကနေ ကူးလူး ဆက်သွယ်ပေးသွားမှာပါ။

အခုတပတ် "မြေလတ်တံတား" Podcast မှာ နားဆင်ရမဲ့ စာလွှာလေးတွေကတော့ " တောတွင်းတနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲမေတဦးကို ပေးပို့လာတဲ့ မွေးနေ့ဆုတောင်းစာလွှာ အပြင် PDF ရဲဘော်တဦးကို သူ့ချစ်သူကောင်မလေးက ပို့လိုက်တဲ့ စာလေးလည်းပါဝင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို "နွေဦးစာတိုက်" အဖွဲ့နဲ့ "မြေလတ်အသံ"က ပူးပေါင်းတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

 #မြေလတ်အသံ #မြေလတ်တံတား #နွေဦးစာတိုက် #Podcast

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10