စာသင်ကျောင်းထဲ တပ်စွဲနေတဲ့ တပ်မ ၁၀၁ က စစ်သားတွေ ပစ်ခတ်ခံရလို့ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာစာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံမဟာမိတ်အဖွဲ့တွေက ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၂ နာရီဝန်းကျင်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီကျောင်းထဲမှာ ပခုက္ကူ တပ်မ ၁၀၁ က စစ်သားအင်အား ၁၀ ကျော်တပ်စွဲနေပြီး သူတို့ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ ၃ ဦး ရှိခဲ့ပြီး သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ YoungForce (UG)မှ  ဗိုလ်ကျီးကန်းက ပြောပါတယ်။

"အစီအစဉ်စွဲထားတာ ၃ ရက်လောက်ရှိပြီ၊ နေ့လည် ၂ နာရီလောက်စပစ်တာ၊ ပထမတော့ ရည်ရွယ်ထားတာတော့ အပိုင်သိမ်းဖို့ ဆိုပြီးသွားတာ၊စာသင်ကျောင်းရဲ့မြောက်ဘက်မိတာ ၃ ရာ အကွာမှာ GTC ကျောင်းရှိတယ်၊ ချည်မျှဉ်အထည်ချုပ်ရှိတယ်၊ အဲဒီ ၂ ခုကြားထဲမှာတပ်စွဲထားတဲ့  ပန်းတိုင်းခြုံစာသင်ကျောင်းကို ဝင်တိုက်တာဆိုတော့ စစ်ခွေးတွေ ထပ်ရောက်လာတာမလို့ ကျနော်တို့ နောက်ပြန်ဆုတ်ပေးလိုက်ရတာ၊ သိမ်းတော့မသိမ်းနိုင်ခဲ့ဘူး"လို့ ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို YoungForce (UG) ၊ Pakokku People Defense Force (PPDF) ၊ Earthquake People Defense Force ၊ PKURanger ၊ YoungForce UG တပ်ခွဲဖြစ်တဲ့ Thu Rein တပ်ခွဲ (TR)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ တပ်စွဲထားပြီး ဆပ်ကြေးကောက်နေ‌တဲ့ စစ်ကောင်စီဂိတ်ကို YoungForce (UG) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10