စာသင်ကျောင်းနဲ့နေအိမ်တွေကိုမီးရှို့နေတဲ့ စစ်အုပ်စု ဗုံကြဲတိုက်ခိုက်ခံရ

စာသင်ကျောင်းနဲ့နေအိမ်တွေကိုမီးရှို့နေတဲ့ စစ်အုပ်စု ဗုံကြဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထန်းပေါက်ရွာကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Anonymous Special Task Force – Pauk က သတင်းထုတ်ပြန်ထားပါတယ်။ 

အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ ထန်းပေါက်ကုန်းရွာကို ဇန်နဝါရီလ ၃၀ ရက်မနေ့ကမနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက အင်အား ၆၀ နီးပါးနဲ့မီးရှို့နေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ဖလံကုန်းရေနံမှော်ကို ရိက္ခာပို့လာပြီး ထန်းပေါက်ကုန်းရွာက စာသင်ကျောင်းရယ်၊ ကင်းတဲ ၂ တဲကို မီးရှို့တယ်၊ ညနေရောက်တော့ အိမ် ၅ လုံးကိုမီးရိူ့တာ၊ ကျနော်တို့က ရွာနဲ့နီးတာရယ် ရေနံတွင်းလည်းရှိတော့ မတိုက်ပဲနေတာကို အခုလိုမီးရှို့လို့ ဒေသခံအဖွဲ့တွေပေါင်းပြီး ဒရုန်းနဲ့အီနာဂါဗုံးသီး ၆ လုံးသုံးပြီးဗုံးချခဲ့တာ" လို့ Anonymous Special Task Force-Pauk အဖွဲ့မှ ရဲဘော်စင်္ကြာက ပြောပါတယ်။

ဒီစစ်ဆင်ရေးကို Anonymous Special Task Force – Pauk နဲ့ ကျေးရွာကာကွယ်ရေးတပ် − BLY က ရဲဘော်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးလောက်ထိခိုက်နိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။

အဆိုပါစစ်အုပ်စုဟာ ဇန်နဝါရီလ ၃၁ ရက် ဒီနေ့နေ့လယ်အထိ အဲ့ဒီကျေးရွာမှာပဲတပ်စွဲထားပြီး ရွာထဲရှိရေနံတွင်းက အဆောက်အဦတွေနဲ့ နေအိမ်တွေကိုပါမီးရှို့ခဲ့ကာ စုစုပေါင်းနေအိမ် ၄၀ ဝန်းကျင်မီးလောင်ပြာကျခဲ့တယ်လို့လည်း သိရပါတယ်။ 

သူတို့အဖွဲ့ဟာ မြိုင်ပကဖအဖွဲ့နဲ့ပေါင်းပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၂ ရက်ကလည်း ပေါက်မြို့နယ်၊ ကုက္ကိုစုရွာက ပျူစောထီးတွေနဲ့စစ်ကောင်စီတပ်သားတွေကင်းပတ်နေချိန် ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10