စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်သားတွေ တန်းစီနေချိန် PDF က လက်ပစ်ဗုံးနဲ့ ပစ်ခတ်

စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်သားတွေ တန်းစီနေချိန် PDF က လက်ပစ်ဗုံးနဲ့ ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ စစ်ကောင်စီတပ်စွဲထားတဲ့ မြို့လယ်အထက်တန်းကျောင်းအတွင် စစ်သားတွေ တန်းစီနေချိန် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်ဆီက သိရပါတယ်။

နိုဝင်ဘာ ၅ ရက် ညနေ ၄ နာရီခန့်မှာ တပ်မ ၃၃ လက်အောက်ခံ စစ်သားအင်အား ၃၀ ဦးကျော် တန်းစီနေတဲ့အချိန် လျက်ဆားပုလင်းပုံစံ လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့မျက်မြင်ကတော့ ၂ ကောင်လဲကျသွားတယ်။ သေဆုံးနဲ့ဒဏ်ရာရကို အတည်မပြုနိုင်သေးဘူး" လို့  Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ လက်ရှိထူး ခြားမှုအနေနဲ့ စစ်ကောင်စီဘက်ကလှုပ်ရှားမှုမရှိပေမယ့် အသင့်အနေအထား ကင်းပုန်းဝပ် စောင့်ကြည့်နေတာတွေရှိတယ်လို့ သိရပါတယ်။

ထိုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်နှင့် တပ်ခွဲ ၃ TRUE Fighter တို့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #စာသင်ကျောင်း #စစ်ကောင်စီတပ် #လက်ပစ်ဗုံး #ပစ်ခတ်မှု #ကြိုးဆွဲလက်ပစ်ဗုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10