စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာအနီး ကျေးရွာချင်းဆက်လမ်းပေါ်မှာ စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီကျော်မှာ အောင်လံမြို့နယ်ထွေအုပ်ရုံးက ထုတ်ပေးတဲ့ စားအုန်းဆီတွေကို ကျေးရွာမှာ ခွဲတမ်းနဲ့ ပြန်ရောင်းချပေးဖို့ ဆီသယ်ပြန်လာတဲ့ ကင်ပွန်းခြုံကျေးရွာမှ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ၅၀ နှစ်ကျော်နဲ့ အဖော်အဖြစ်လိုက်လာတဲ့ ဦးမြင့်ရွှေ အသက် ၅၅ နှစ် တို့ကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"အုပ်ချုပ်ရေးမှူးကိုပဲ ရွေးပစ်သွားတာ။ သူနဲ့အဖော်လိုက်လာတဲ့ တယောက်ကိုတော့ဘာမှ မလုပ်သွားဘူး။ သေနတ်သမားတွေကလည်း သတင်းရလို့ လာစောင့်နေတာဖြစ်မယ်"လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ဦးဝင်းနိုင်မှာ ရင်ဘတ်နဲ့ဦးခေါင်းမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဦးဝင်းနိုင်ဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သလို ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင်တဦးလည်းဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ မသိရသေးဘဲ သတင်းထုတ်ပြန်ထားတာလည်း မတွေ့ရသေးပါဘူး။

နိုဝင်ဘာ ၂၂ ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာနေ အောင်လံခရိုင် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး နေအိမ်မှာပစ်သတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #အောင်လံ #ညောင်ပင်ဝိုင်း #အုပ်ချုပ်ရေးမှူး #ပစ်သတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10