သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပဲခူးမြို့၊ အလိုင်နီကျေးရွာအနီး ရော်ဘာခြံတခုမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး ၁ ဦးကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ အလိုင်းနီကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ဒေါ်ခင်နှင်းအေးဖြစ်ပြီး သူအလောင်းကိုတော့ ဒီဇင်ဘာ ၁၇ ရက်မနက်ပိုင်း ၁၀ နာရီကျော်ခန့်မှာရော်ဘာခြံအတွင်းက အမြင့် ၁၀ ပေခန့်၊ လုံးပတ်၂ ပေခန့်ရှိ သီဟိုဠ်ပင်ကိုင်းမှာ ကြိုးဆွဲချသေဆုံးနေတဲ့ ပုံစံနဲ့ မိသားစုဝင်တွေက တွေ့ခဲ့တာလို့ဆိုပါတယ်။
သေဆုံးသူအမျိုးသမီးက ဒီဇင်ဘာ ၁၆ ရက်မနက်ပိုင်းကတည်းက နေအိမ်ကနေထွက်သွားခဲ့တာကြောင့် မိသားစုဝင်တွေက လိုက်ရှာနေခဲ့တယ်လို့ ဆိုပါတယ်။
"သူကစိတ်မနှံ့ဘူး။ နေအိမ်ကနေထွက်သွားရာကနေ ဒီနေ့မနက်မှာ သစ်ပင်မှာကြိုးဆွဲချသေနေတာကို တွေ့ရတာပဲ။ သူတို့က ရော်ဘာခြစ်တဲ့သူတွေ။ သူကအရင်ကတည်းကလည်း စိတ်မနှံ့ဘူး။ "လို့ ဒေသခံတဦးကပြောပါတယ်။
မိသားစုဝင်တွေရဲ့ပြောပြချက်အရ သေဆုံးသူဟာ စိတ်ဝေဒနာခံစားနေရတာနှစ်ရှည်နေပြီး နေအိမ်ကနေလည်း မကြာခဏထွက်သွားတတ်သူဖြစ်တယ်လို့ သိရကြောင်း အထက်ပါဒေသခံကဆက်ပြောပါတယ်။
သေဆုံးသူရဲ့အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေကကောက်ယူပြီး ပဲခူးဆေးရုံးကိုပို့ဆောင်ပေးခဲ့ပြီး မှုခင်းပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၈ ရက်ညပိုင်းကလည်း တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာမှာ အသက် ၁၇ နှစ်အရွယ် ၁၂ တန်းကျောင်းသား ၁ ဦး နေအိမ်မှာကြိုးဆွဲချ သေဆုံးတဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #အလိုင်နီကျေးရွာ #ကြိုးဆွဲချ
Share Share Share