စိတ်ထွက်ပေါက်အတွက် စစ်ကိုင်းက ကျေးရွာတချို့မှာ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီအုပ်ချုပ်ခွင့်မရတဲ့ ကျေးရွာတချို့မှာ ဒါရိုက်တာ ကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းကို ပြသခဲ့တယ်လို့ သိရပါတယ်။

 

ဖေဖော်ဝါရီလကတည်းက ကျေးရွာတွေမှာ စတင်ပြသနေတာဖြစ်ပြီး၊ ခုဆိုရင် ရွာ ၈ ရွာကျော် ပြသပြီးပြီဖြစ်ကာ လူထုစည်းရုံးရေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ တက်ကြွဖို့အတွက်လည်းရည်ရွယ်ပြီး ဆက်လက်ပြသသွားဖို့လည်း စီစဉ်နေတယ်လို့ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံတဦးက ဆိုပါတယ်။

ကျေးရွာပြည်သူတွေက အပျော်တွေ ရှားနေတဲ့အတွက် ပညာပေးဇာတ်လမ်းတွေ၊ အတုယူစရာတွေ၊ တွေးခေါ်မှုပိုင်းဆိုင်ရာတွေပါတဲ့ ရုပ်ရှင်ကားတွေကိုလည်း စိတ်ထွက်ပေါက်တခုအနေနဲ့ ရွာတွေမှာ လိုက်လံပြသပေးဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10