စိန်ဖူးတော်ပင့်လာတဲ့ကား ယာဥ်တိုက်မှုဖြစ်လို့ သံဃာ ၁၄ ပါး ဒဏ်ရာရ

စိန်ဖူးတော်ပင့်လာတဲ့ကား ယာဥ်တိုက်မှုဖြစ်လို့ သံဃာ ၁၄ ပါး ဒဏ်ရာရ

 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စိန်ဖူးတော်ပင့်လာတဲ့ကား ဘရိတ်ပေါက်ပြီး ယာဥ်တိုက်မှုဖြစ်ရာ သံဃာ ၁၄ ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဖေဖော်ဝါရီလ ၁၂ ရက် မနေ့ကညနေ ၃ နာရီခန့်မှာ မန္တလေးဘက်ကနေ မော်လမြိုင်မြို့ကို စိန်ဖူးတော်ပင့်ဆောင်လာတဲ့ ၆ ဘီး ကန်တာယာဥ်ဟာ လမ်းအတိုင်းမောင်းနှင်လာချိန် ရှေ့မှသွားနေတဲ့ စူပါကာစတန်ကားကို ဝင်တိုက်မိကာ လမ်းဘေးထိုးကျ တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။

 

 

"ကားက မောင်းလာတာ အရှိန်လည်းပါတယ်။ ရုတ်တရက် ဘရိတ်ပေါက်တော့ ရှေ့ကားနောက်ဖင်ကိုလည်း ဝင်တိုက်တယ်။ အလွတ်ပြန်ဆွဲတော့ လမ်းဘေးထိုးကျ မှောက်သွားတာ။ ကိုရင်အချို့ကတော့ စိုးရိမ်ရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

 

 

ဒီယာဥ်တိုက်မှုကြောင့် ကားပေါ်ပါ သံဃာ ၂၈ ပါးအနက် ကိုရင် ၁၀ ပါးနဲ့ ဘုန်းကြီး ၄ ပါး ဒဏ်ရာရခဲ့ပြီး ကိုရင် ၄ ပါးက စိုးရိမ်ရတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ဝေါဆေးရုံကို ပို့ထားပေးရတယ်လို့ ဆိုပါတယ်။

 

 

အဆိုပါ ကားဟာ မော်လမြိုင်မြို့၊  ပဲခူးမွန်ပရိယတ္တိကျောင်းက စေတီတော်အတွက် စိန်ပူးတော်ပင့်ဆောင်လာတဲ့ ကားဖြစ်တယ်လို့ သိရပါတယ်။

 

 

ဖေဖော်ဝါရီ ၁၁ ရက် ညကလည်း ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ဘိလပ်မြေဖျော်ယာဥ်နဲ့တွဲကား တိုက်မိပြီး တွဲကားမီးလောင် ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

 

 

 

 

စာတည်း - လင်း

 

 

 

#မြေလတ်အသံ

 

#ပဲခူး #ဝေါ #ယာဉ်တိုက်မှု #သံဃာ #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10