စိုက်ချိန်နောက်ကျနေတဲ့ မိုးစပါးစိုက်ပျိုးရေးများ စတင်ပြီ (photo news)

စိုက်ချိန်နောက်ကျနေတဲ့ မိုးစပါးစိုက်ပျိုးရေးများ စတင်ပြီ (photo news)

မိုးခေါင်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းတွေ စတင်နေပါပြီ။

မိုးဦးခေါင်နေတဲ့အတွက် နှစ်စဉ်စိုက်ပျိုးနေကျ အချိန်ထက် တလခန့်နောက်ကျမှ စိုက်ပျိုးနိုင်ကြတယ်လို့ လယ်သမားတွေထံက သိရပါတယ်။

"ကြားထဲမှာ တလလောက်မိုးခေါင်နေတာ၊ စိုက်ရက်နောက်ကျတာပေါ့။" လို့ မကွေးတိုင်းထဲက လယ်သမားတဦးက ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အညာဒေသတချို့နေရာတွေမှာတော့ မိုးဦးခေါင်နေတဲ့အတွက် လယ်ယာနဲ့ ဆီထွက်ပဲနှမ်းသီးနှံစိုက်ပျိုးရေးတွေ နောက်ကျနေပါတယ်။ 

အချို့ဒေသတွေမှာတော့ စစ်ရှောင်နေကြရတဲ့အတွက် စိုက်ပျိုးနိုင်ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်၊ မေလကနေ ဇူလိုင်လအထိ အင်အားသေးတဲ့ အယ်နီညိုဖြစ်စဉ်တခု ဖြစ်မယ်လို့ မိုးလေဝသနဲ့ဇလဗေဒက ခန့်မှန်းထားပါတယ်။

အစွန်းရောက်သဘာဝဘေးတခုဖြစ်တဲ့ အယ်နီညိုက ပူပြင်းခြောက်သွေ့ ဖြစ်စဉ်တခုဖြစ်ပြီး မိုးရွာသွန်းမှု မူမမှန်တာနဲ့ အပူချိန်မြင့်မားတာ၊ မူမမှန်တဲ့မုန်တိုင်းတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ရှေ့လာမယ့် ရာသီတွေမှာလည်း စိုက်ရေးပျိုးရေးအတွက် တောင်သူများ အခက်တွေ့ကြရဦးမယ်လို့ စိုက်ပျိုးရေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

ပုံစာ - မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဖက်ကမ်း ကျေးရွာတွေမှာ ဩဂုတ်လဆန်းပိုင်းက စိုက်ပျိုးရေးလုပ်ငန်းခွင် စတင်နေကြသည့် လယ်သမားများ။

#မြေလတ်အသံ

#သတင်း #ဓါတ်ပုံ #မကွေးတိုင်း #စိုက်ပျိုးရေး #ရာသီဥတု #စစ်ရှောင် #တောင်သူလယ်သမား #မိုးခေါင် #photonews

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10