“သူတို့ကတော့ ကြောက်အောင်လုပ်တာ ဒါပေမယ့် ပြည်သူတွေက အဲ့ဒါတွေကြည့်ပြီးတော့ ပိုပြီး ဒေါသထွက်လာလေ သူတို့ကို ပြန်ပြီးတော့ သတ်ချင်လေ ဖြစ်လာတာပေါ့။” (အင်တာဗျူး)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာက အရပ်သား ပြည်သူ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အပိုင်းပိုင်းဖြတ်တောက် သတ်ဖြတ်ခဲ့ပါတယ်။ အပိုင်းပိုင်းဖြတ်ထားတဲ့ ခြေထောက်၊ လက်နဲ့ ခေါင်းတွေကို စစ်ကောင်စီတပ်သားတွေက နေအိမ်ခြံစည်းရိုးပေါ်မှာ ချိတ်ဆွဲထားတာ၊ လူ့ခန္ဓာကိုယ်ကို ဗိုက်ခွဲကာ အူတွေ၊ အသည်းတွေထုတ်ယူတာတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အသတ်ခံရတဲ့ပြည်သူတွေ ဘယ်လို အဖမ်းခံလိုက်ရတာလဲ၊ စစ်ကောင်စီလက်မှာ ဘယ်လို ရက်ရက်စက်စက် အသတ်ခံလိုက်ရလဲဆိုတာနဲ့ပတ်သက်လို့ အသတ်ခံရတဲ့ အသက် ၇၀ အရွယ် ဦးရာစိန်ရဲ့ တူတော်စပ်သူကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အင်တာဗျူး #စီပါရွာ #ဘုတလင် #အရပ်သား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10