စုထားတဲ့ငွေနဲ့ သားသမီးမရှိတဲ့ အဖိုးဖွားတွေကို ဆန်နဲ့ပိုက်ဆံ လှူတန်းခဲ့တဲ့ရဲဘော်

စုထားတဲ့ငွေနဲ့ သားသမီးမရှိတဲ့ အဖိုးဖွားတွေကို ဆန်နဲ့ပိုက်ဆံ လှူတန်းခဲ့တဲ့ရဲဘော်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ပေါ်ဒေသတခုမှာရှိတဲ့ သားသမီးမရှိတဲ့ သက်ကြီးရွယ်အို အဖိုးဖွား မိသားစု ၂ စုအတွက် ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း P1.3012 မှာရှိတဲ့ ရဲဘော်တဦးက စုထားတဲ့မုန့်ဖိုးထဲကနေ ဆန်နဲ့ပိုက်ဆံ လှူတန်းခဲ့ပါတယ်။

သားသမီးမရှိတဲ့ အသက် ၇၀ ကျော် အဖိုးဖွား လင်မယားမိသားစုနဲ့ အသက် ၉၀ ကျော်မိခင်၊ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့သမီးဖြစ်သူ သားအမိ မိသားစုတစုတို့ကို ဆန်တအိတ်နဲ့ ငွေ ၁ သိန်းစီ ကန်တော့ခဲ့တာ ဖြစ်ပါတယ်။

ပိုတဲ့မုန့်ဖိုးငွေအနည်းငယ်ကိုတော့ တပ်ရင်းနဲ့ ကြားကာလပညာရေးအတွက် သုံးစွဲဖို့ လုပ်ထားတယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10